that's enough!!

1.6K 161 106
                                    

ဟင့်အင်းငြင်းတယ်။

စိတ်ညစ်စရာပဲ။လှုပ်ဖို့တောင်ခက်ခဲနေသည့်ခါးနှင့်အတူငါမနက်ခင်းကိုနိုးထိလာခဲ့သည်။မွေ့ယာအောက်ကစီးကပ်ကပ်အရာတစ်ချို့ကြောင့်ငါသက်ပြင်းခပ်ဖွဖွချလိုက်၏။

ဘေးနားကgeminiကတော့အိပ်နေတုန်းပေ။အကျင့်မကောင်းတဲ့ကောင်!လက်သီးနဲ့တစ်ချက်လောက်ထိုးခဲ့ချင်ပေမယ့်နိုးလာရင်ငါပဲပြဿနာဖြစ်မှာစိုးစိုးဖွဖွလေးကုတင်ပေါ်ကဆင်းလိုက်၏။

ကောင်းကျိုးမပေးတဲ့သကောင့်သားကြောင့်မနေ့က၀တ်လာသည့်အင်္ကျီတွေဟာရစရာပင်မရှိတော့ပေ။ဟိုတယ်ဗီရိုထဲမှာအ၀တ်တွေရှိသေးလို့တော်သေးသည်ပြောရမည်။

ငါအချိန်ဆွဲနေရင်geminiနိုးလာမည်စိုး၍ခပ်မြန်မြန်ပင်၀တ်ကာငါ့ရဲ့အိတ်အားယူရင်းအမြန်ပင်ဟိုတယ်အောက်သို့ပြေးဆင်းလာလိုက်သည်။

ကော်ရစ်တာမှာထော့နဲ့ထော့နဲ့ဖြင့်သွားနေရပေမယ့်ရှက်ဖို့ငါ့မှာအချိန်မရှိပေ။နာနေသည့်ခါးအားထိန်းကိုင်ရင်းဟိုတယ်ရှေ့သို့ရောက်အောင်ငါသွားလိုက်သည်။

Taxiဆရာအားဖုန်း‌ဆက်ခေါ်လိုက်ရင်းတည်နေရာကိုငါပို့ပေးလိုက်၏။စိတ်ပျက်စရာညတစ်ညကတော့ပိုက်ဆံမရတဲ့အပြင်လူပျိုရည်ကလေးပါဆုံးရှုံးလိုက်ရလေသည်။

ကောင်းကျိုးမပေးတဲ့ကောင်!ငါ့စိတ်ထဲမှာgemini norawit ဆိုသူအားအထပ်ထပ်အခါခါကြိမ်ဆဲနေမိသည်။နောက်တစ်ခါထပ်တွေ့ရင်မထနိုင်အောင်ပြန်လုပ်ပစ်မယ်ကြည့်နေ!

သိပ်မကြာခင်မှာပဲခေါ်ထားသည့်taxiရောက်လာ၏။ဆေးရုံကိုပဲတိုက်ရိုက်ပို့ပေးဖို့ငါပြောလိုက်သည်။အဲ့နောက်သက်ပြင်းတစ်ချက်ချကာ ငါပြတင်းပေါက်တွင်ခေါင်းမှီလိုက်၏။

အိတ်ထဲထည့်ထားသည့်အလုပ်ကတ်အားပြန်ထုတ်ကြည့်ရင်းငါစိတ်ပျက်သလိုသက်ပြင်းထပ်ချမိပြန်သည်။ဘယ်လိုလုပ်သင့်လဲ။

လက်ထဲမှာဘတ်၃သိန်းဟူသည့်ပိုက်ဆံငါ့မှာရှိဖို့မပြောနဲ့စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာ။ခုတော့ပျက်စီးနေတဲ့သူဌေးသား
တစ်ကောင်ကြောင့်ရမဲ့အခွင့်အရေးလေးကိုဆုံးရှုံးရပြန်ပြီ။

Beauty and the beast (geminifourth ff✅)Where stories live. Discover now