daddy gem love you so much(18+)

2.4K 134 66
                                    

ပါးစပ်ကလေးပိတ်ပြီးကိုယ့်ပေါ်လာခဲ့။

"လုံး၀ပဲ!ငါကတော့ငြင်းတယ်"

Laptopအားအကြည့်မခွာပဲငါfordကိုအဖြေပြန်ပေးလိုက်သည်။ဘယ်နှယ့်သူ့ရည်းစားသွားတွေ့တာငါ့လာခေါ်နေရတယ်လို့။

ခုရက်ပိုင်းတွေမှာအကြွေးရှင်တွေပေါ်မလာတော့လို့ငါ့စိတ်တွေပေါ့ပါးနေသည်ကအမှန်။ဆပ်ပေးသွားတဲ့geminiကိုငါအားနာပေမယ့်သူကပြန်ပေးရင်ကုတင်ပေါ်ကမထနိုင်အောင်လုပ်မည်တဲ့လေ။

ကြောက်တာမဟုတ်ပါဘူးနော်ငါကတစ်ဖက်လူအပေါ်
respectထားတာ!လောလောဆယ်ငါ့နားမှာရစ်သီရစ်သီလာလုပ်နေတဲ့fordအားမောင်းထုတ်နေရလေသည်။

"လုပ်ပါfourth!ငါ့မှာအဖော်မရှိလို့ပါ မင်းလိုက်ပေးရင်ငါမုကထ၀ယ်ကျွေးမယ်လေ"

Laptopမှာအာရုံရောက်နေသည့်ငါ့အကြည့်တွေfordစီရောက်သွား၏။မယုံသလိုလုပ်ပြတော့fordကသက်ပြင်းတစ်ချက်ချလေသည်။

"ဆိုဂျူးရော အမဲသားကင်ပါ ပါမယ်"

"ဟေး!ဘယ်နှစ်နာရီလောက်လဲ"

fordကဟင့်ခနဲလုပ်တော့ငါသွား၃၂ချောင်းလုံးပေါ်အောင်ရီပြလိုက်သည်။မုကထမစားရတာတောင်ကြာလှပြီကို။အကြွေးတွေကြောင့်‌သာအပိုငွေမသုံးတာခုတော့အေးဆေးပင်။

ဒီလအတွက်လစာမရှိတော့ပေမယ့်ငါ့ကိုတင်ကျွေးမဲ့frodရှိနေတာကြောင့်ပူစရာမလိုပေ။အပြင်ငွေနည်းနည်းလောက်ထပ်ရှာပြီးရင်ညီမလေးကိုငါအင်္ကျီလှလှလေးတွေလိုက်၀ယ်ပေးဦးမယ်။

မလုပ်စဖူးစတိုက်ခန်းပိုင်ရှင်ကိုပါမုန့်နဲ့သွားကန်တောာ့ဦးမည်ဟုတွေးမိသေးသည်။အကြွေးတွေမရှိတော့မှတော့ငါနဲ့ငါညီမအဖို့အစိုးရလစာကပိုတောင်ပိုသေးသည်။

လူလိုသူလိုနေနိုင်တော့မယ့်ငါ့အဖြစ်ကလေးကိုတွေးမိတိုင်းငါ့မှာပျော်မြူးလွန်းလို့ဆပ်ပေးသွားတဲ့သကောင့်သားကိုတောင်ထိုင်ကန်တော့ပစ်ချင်မိသည်။

အကြွေးကြေပြီးတဲ့နောက်တစ်နေ့ရဲ့အစမှာခေါက်ဆွဲပြုတ်ဟာငါအမုန်းဆုံးစာရင်းထဲထည့်လိုက်ပြီ။လွန်ခဲ့တဲ့တစ်နှစ်ပတ်လုံးလုံးစားခဲ့ရတာကြီး!

Beauty and the beast (geminifourth ff✅)Where stories live. Discover now