My precious doctor

1.9K 144 96
                                    

ကိုယ့်ရဲ့ဆရာ၀န်ပေါက်စလေး။

"ဘယ်‌တွေသွားနေတာလဲgem.."

အိပ်ချင်မူးတူးဖြင့်ဆင်းလာသည့်အိမ်ပေါ်ထပ်ကကောင်ကလေးကိုကြည့်ရင်းငါပြုံးလိုက်သည်။ကိုယ်သေးသေးလေးကငါ့အနားသို့ရောက်သည့်အခါရင်ခွင်လေးထဲတိုး၀င်ကာပုခုံးပေါ်ခေါင်းမှီလာ၏။

"အလုပ်နည်းနည်းရှုပ်နေလို့ ကိုယ့်ဒေါက်တာလေးကပင်ပန်းနေပြီလား"

အင်းဟုအသံရှည်ဆွဲကာတုန့်ပြန်လာသည်ကချစ်စရာ။ငါခပ်ဖွဖွရီလိုက်ရင်းပေါင်အောက်ကိုလက်လျှိုတွင်းကာမချီလိုက်၏။

"ချပေးနော်..ငါမနက်ဖြန်ဂျူတီရှိတယ်"

မျက်လုံးလှလှလေးတွေကကြည့်ကာပြောလာတော့ခေါင်းဆုတ်ဖွားဖြစ်နေတဲ့ငါ့ရဲ့မနက်ခင်းအကြည်ဓာတ်ကလေးရဲ့ပါးကိုနစ်၀င်နေအောင်နမ်းရှိုက်လိုက်သည်။

၂လတဲ့။အချိန်အတိုင်းတာတစ်ခုမှာမက်မက်မောမောလိုချင်မိခဲ့တဲ့ကိုယ်သေးသေးလေးကိုပိုင်ဆိုင်ခဲ့ရပြီ။ငါ့ဒေါက်တာလေးကအနေနီးလာတဲ့အခါချွဲစိန်ကလေးဖြစ်မှန်းငါသိခဲ့ရသည်။

'မျက်လှည့်ပြတတ်သည်'ဟူသည့်စကားစုလေးကနေတစ်ဆင့်သိခွင့်ရခဲ့တဲ့ဒေါက်တာ‌လှလှလေးဟာတစ်ဘ၀စာလက်တွဲရမဲ့သက်ဆိုင်သူကလေးဖြစ်မယ်လို့ဘယ်သူကခန့်မှန်းမိမှာလဲ။

ငါကဆိုးသွမ်းပြီးယုတ်မာတဲ့လူတစ်ယောက်ပေမယ့်ဒေါက်တာလှလှလေးရှေ့သာဆို၅နှစ်သားကလေးနဲ့ရန်ဖြစ်တောင်မနိုင်မဲ့ကောင်ဆိုတာယုံပါ။

ပွေ့ချီထားတဲ့ကိုယ်သေးသေးလေးကဘောင်းဘီတိုအဖြူလေးကိုမှငါ့ရဲ့အင်္ကျီနဲ့တွဲ၀တ်ထားတာကြောင့်ခန္ဓာကိုယ်လေးကမတော်သည့်အင်္ကျီအောက်တွင်မြုပ်နေလေသည်။

ပေါင်တံသွယ်သွယ်လေးကငါနမ်းရှိုက်ထားသည့်အနီကွက်တွေဖြင့်လှနေလေသည်။မနေ့ညကကုမ္ပဏီmarketingပိုင်းမှာပြဿနာနည်းနည်းရှိတာကြောင့်ငါအိမ်ပြန်မလာဖြစ်ပေ။

သေချာပေါက်ငါ့ဒေါက်တာကလေးဂျီကျတော့မှာငါသိသည်။ငါတို့တွဲပြီးတဲ့နောက်ပိုင်းမှာငါ့ဒေါက်တာလေးအတွက်အမှတ်တရအဖြစ်ကွန်ဒိုတစ်လုံး၀ယ်ပေးထားလေသည်။

Beauty and the beast (geminifourth ff✅)Where stories live. Discover now