I=love you

1.6K 151 77
                                    

အမှန်တိုင်း၀န်ခံမယ်။မင်းကိုငါကြိုက်တယ်။

'ဟဲ့ ဒေါက်တာfourthကဟိုသူဌေးတစ်ယောက်နဲ့ဖြစ်နေတာဆို'

'အေးဟယ် ငါလည်းကြားတယ်ရုပ်လေးနဲ့မထင်ရဘူးနော်သူကဟိုတယ် တွေပါလိုက်၀င်ပေးတာတဲ့'

နားထဲကတီးတိုးသံတွေကြောင့်ငါသက်ပြင်းတစ်ချက်ချမိသည်။fordကစိတ်ဆိုးကာသွားရန်ရှာဖို့လုပ်ပေမယ့်ငါလက်မောင်းအားကိုင်ကာတားလိုက်၏။

"အိုးး အဲ့ဟာမလေးတွေပေါက်ရတွေပြောနေတာ မင်းမှမတားရင်ဘယ်သူတားမှာလဲပြော!"

ငါသက်ပြင်းတစ်ချက်ထပ်ချလိုက်ရင်းခပ်ဖွဖွလေးသာပြုံးလိုက်၏။

"နေပါစေ..အချိန်တန်ရင်ရပ်သွားလိမ့်မယ်"

Fordကမကျေနပ်သလိုခေါင်းခါရင်းငါ့လက်အားတွဲကာဆေးရုံ၀န်းထဲကcafeသို့ခေါ်သွားလေသည်။ဒီမနက်ငါဂျူတီချိန်နောက်ကျ၏။

အကြောင်းရင်းကတော့ပြောနေစရာမလိုပေ။ဆေးရုံမလာခင်အကိုက်ခဲပျောက်ဆေး၂လုံးလောက်ထိုးခဲ့ရသေးသည်။ကြောက်ဖို့ကောင်းတဲ့geminiကတစ်မိနစ်လေးတောင်မနားပဲဆက်တိုက်ကြီးကိုလုပ်နေခဲ့တာ!

အောင့်နေသည့်ခါးကိုငါတစ်ချက်ထိကိုင်လိုက်ရင်းရှုံ့မဲ့နေမိသည်။မနက်စာ စားဖို့စောင့်နေတဲ့fordကငါ့အားနောက်ကျမှလာလို့ဆူသေးသည်။

ဆေးရုံရောက်ရောက်ချင်းကျက်သရေအဖြာဖြာတုန်းတဲ့သတင်းကငါ့နားထဲရောက်လာပြန်၏။အရင်တစ်ခေါက်frod ဆက်ပေးတဲ့အလုပ်ကပုံတွေဆေးရုံထဲမှာပြန့်နေလေသည်။

ဘယ်တုန်းကချောင်းရိုက်ခံထားရမှန်းမသိ။ပြီးတော့kevinဆိုလား။သူဘယ်ကသူဌေးလဲတောင်မသိတာကိုငါကများသူနဲ့ဟိုတယ်၀င်တယ်တဲ့။အံဩဘ။

နာပြရင်လည်းအမှန်တရားဆိုပြီးလိုက်ပြောနေမှာစိုးလို့ငါငြိမ်ငြိမ်လေးသာနေလိုက်သည်။စိတ်ထဲမကောင်းတာကအမှန်။တစ်သက်နဲ့တစ်ကိုယ်ထိန်းလာတဲ့ဒီသိက္ခာလေးတစ်ခုပဲရှိတာ။

အခုဘယ်ခွေးကသတင်းလျှောက်ဖြန့်လဲမသိ။အိပ်ခဲ့တယ်ဆိုရင်တောင်အဲ့တာကgeminiကြီးလေ။သူမှမဟုတ်တာဘယ်နှယ့်။

Beauty and the beast (geminifourth ff✅)Where stories live. Discover now