အာ့..!ငါမင်းကိုမကြိုက်ပါဘူးနော်။
'Phiဒီညပြန်လာမှာလားဟင်'
"အာ..အကိုဒီညမအားဘူးရယ်သူငယ်ချင်းစီသွားအိပ်လိုက်နော်"
ဟုတ်ဟုပြောကာဖုန်းချသွားသည့်ညီမလေးကြောင့်ငါ့စိတ်ပေါ့သွားသည်ကအမှန်။ခုရက်ပိုင်းအကြွေးရှင်တွေပေါ်မလာပေမယ့်ဘယ်အချိန်လာနှောင့်ယှက်မလဲမသိနိုင်ပေ။
တစ်လစာကြိုထုတ်ထားတာကြောင့်ဒီလအတွက်တော့ငါငွေ၀င်မည့်လမ်းမမြင်။မနေ့ကအလုပ်လျှောက်ဖူးတဲ့ကုမ္ပဏီစီထက်သွားဖြစ်ပေမယ့်CEOကဂေးဆိုတဲ့အတွေးဖြင့်ငါမ၀င်ခင်မှာပဲပြန်လှည့်လာလိုက်သည်။
ရုပ်ဆိုးဆိုး၀၀ကြီးဖြစ်နေရင်ဘယ်နှယ့်။ငါ့ပုံစံကနည်းနည်းအားနည်းတဲ့ပုံပေါက်ပေမယ့်ငါကstraightစစ်စစ်။ရေတောင်မရောဘူး။
ဒေါက်တာဆိုပြီးငါ့ကိုလိုချင်တဲ့သူဌေးတွေကခပ်များများရယ်။အဆိုးဆုံးကဟိုလူပဲ!ဒါကငါ့အတွက်အလုပ်အခွင့်အလမ်းပိုများပေမယ့်ငါ့ကိုယ်အတွက်တော့မလုံခြုံပေ။
အကြွေးစာရင်းကိုတွက်ကြည့်သည့်အခါထပ်တိုးဘတ်၅၀၀၀
ပေါင်းမည်ဆိုလျှင်စုစုပေါင်းဘတ်၃သိန်းကိုငါဘယ်ကသွားရှာရမည်နည်း။အိမ်ပြန်ရင်မီတာဆောင်ရမှာစိုး၍ငါဆေးရုံမှာသာနေဖြစ်ခြင်းသာ။ညီမလေးကိုတော့သူ့သူငယ်ချင်းနဲ့စိတ်ချရတာမလို့ငါတွေးပူစရာမရှိပေ။
ခုချိန်မှာလစာကကြိုထုတ်ထားတာမလို့၃လအတွင်းပိုက်ဆံမြန်မြန်ရမည့်နည်းကိုငါအသည်းအသန်စဉ်းစားနေမိသည်။ laptopထဲကအလုပ်ကမ်းလှမ်းချက်တွေကိုလိုက်ရှာရင်းငါစိတ်ညစ်ညစ်ဖြင့်ကော်ဖီအားမော့သောက်လိုက်သည်။
ဒီနေ့ငါခွဲခန်း၀င်ရဦးမည်။၄နာရီလောက်ပဲအိပ်ရသေးတာမလို့ငါခေါင်းတွေနောက်နေသည်ကအမှန်။အကြွေးတွေသာကြေသွားရင်ရည်းစားလေးတစ်ယောက်လောက်ရှာမှ။
အဲ့အခါကျတစ်၀ကြီးရည်းစားလေးရဲ့ပေါင်ပေါ်မှာဇိမ်ကျကျအိပ်ပစ်မယ်!လောလောဆယ်တော့ခေါက်ဆွဲပြုတ်တစ်ဗူးနှင့်အသက်ဆက်ရဦးမည်။
"အိုးး အိမ်မပြန်ဘူးလားfourth"
ငါ့လုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လဲသူငယ်ချင်းဖြစ်သူfordအားခေါင်းခါပြလိုက်သည်။သူကငါ့ဘေးတွင်ထိုင်ကာကကိုင်ထားသည့်ဖျော်ရည်ခွက်နှစ်ခွက်ထဲကတစ်ခွက်အားငါ့စားပွဲတွင်တင်ပေး၏။
YOU ARE READING
Beauty and the beast (geminifourth ff✅)
Fanfiction'Cause you could be the beauty and I could be the monster' fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓