Pt.10

975 120 46
                                    

"ကြည့်တာ ကိုယ် ဂျင်လေးကို ချစ်နေပြီထင်တယ်... ဟုတ်တယ်... ဘယ်သူ့လက်ထဲမှအပါမခံနိုင်အောင် ချစ်နေပြီ"

အဲ့နောက်ပိုင်း ကိုကို ဘာ‌တွေဆက်ပြောနေသလဲ သူ ကြားတချက် မကြားတချက်...

တိမ်ပေါ်လွင့်နေတဲ့ ခံစားချက်က ဒါမျိုးလားမသိ...

ကိုကို သူ့အခန်းထဲမှ ရှက်ရှက်နှင့် ဘယ်ချိန်ထွက်သွားမှန်းတောင် မသိလိုက်...

သေချာတာကတော့ ထိုည သူတို့နှစ်ယောက်စလုံး ကောင်းကောင်း အိပ်မပျော်နိုင်ကြတော့ပေ...

~~~~~~~~~~~××××××××~~~~~~~~~~~~~

နာရီနှိုးစက်သံကြောင့် နိုးလာသော ထယ်ယောင်း ကုတင်ထက်တွင် ငေါက်ခနဲထထိုင်လိုက်သည်...

ခါတိုင်းလို အိပ်ယာထဲလူးလိမ့်ပြီး အပျင်းဆန့်မနေဖြစ်....

အိပ်ယာမှ ခပ်သွက်သွက်ထပြီး မျက်နှာသစ်ကာ မီး‌ဖိုချောင်ထဲ၀င်၍ သူနှင့်ဆော့ဂျင်တို့ နှစ်ယောက်အတွက် မနက်စာကို ပြင်နေလိုက်သည်.... ဒီရက်ပိုင်းတွေတော့ သူဆော့ဂျင်ကို ဘာမှမလုပ်‌စေချင်တာမို့ သူလုပ်တတ်သလောက်လုပ်ပြီး မလုပ်တတ်တာကို delivery မှတဆင့် မှာစားသည်...

ခုလဲ ကော်ဖီ၂ခွက်စာနှပ်နေရင်း မှာထားသည့်ဘာဂါကို‌ စောင့်နေသည်...

ညက သူပြောချင်တာ ပြောလိုက်ရသည့်အတွက်လဲ စိတ်ထဲပေါ့နေသည်..

ဆော့ဂျင်ကိုတော့ သူ အဖြေချက်ချင်းမတောင်းပေ... ရုတ်တရက်ဖြစ်သွားသည့် အခြေအနေမို့ သူလေး ရှော့ရနေဦးမည်ကို သူနားလည်သည်...

သူ့ကို ခါးခါးသီးသီးမငြင်းသည်ကိုပင် သူ ကျေးဇူးအရမ်းတင်နေမိသည်...

ထိုစဥ် အိပ်မှုန်စုံမွှားဖြင့် ထလာသော ဆော့ဂျင်နီ...

ခေါင်းစုတ်ဖွားလေးနှင့် အနှီကောင်လေးသည် ခါတိုင်းထက် ပိုချစ်စရာကောင်းနေသလို...

"နိုးပီလား ‌ဆော့ဂျင်နီ"

"အွန်း"

မနေ့ညက ဘာမှမဖြစ်ခဲ့သလို အိ‌န္ဒြေရရလေးပြန်ဖြေသောသူလေးကို ထယ်ယောင်းအသည်းယားနေမိသည်...

The Curse [taejin] ✅Where stories live. Discover now