Pt.14 💔

1K 120 32
                                    

"ချစ်တယ် ထယ်ထယ်..."

ဗလုံးဗထွေးပြောပြီး မူးမူးနှင့်ငြိမ်ကျသွားသော ဆော့ဂျင်ကိုကြည့်ကာ ဂျောင်ကု သွေးပွက်ပွက်ဆူလာသလို ခံစားရသည်...

"မင်းက ငါအလှကြည့်ထားရုံနဲ့ မရတော့ဘူးပဲ... သူ့ကို မင်းထာ၀ရမေ့ဖို့ဆိုရင် ငါဒီနည်းလမ်းပဲရှိတယ်... ငါ့ကိုခွင့်မလွတ်ပါနဲ့ ဆော့ဂျင်"

ဆော့ဂျင်ကို ကားခါးပတ် သေချာတပ်ပေးရင်းဂျောင်ကုရေရွတ်လိုက်သည်...

ထို့နောက် ခပ်ကြမ်းကြမ်းမောင်းထွက်လာသော ဂျောင်ကု၏ကားက မြို့လယ်က ထိပ်သီးလူကုံထံများသာ သွားကြသော ဇိမ်ခံHotel တခုဆီသို့...

~~~~~~~~~~~~×××××××××~~~~~~~~~~~

VIPခန်း တစ်ခန်းစီအတွက် ကားပါကင်တစ်ခုသီးသန့်ပေးထားသောကြောင့် ကားနံပါတ်ပေါ်မှာ စိတ်ပူစရာမရှိစွာ ကားကိုရပ်လိုက်ပြီး ဆော့ဂျင်ကို ကားထဲမှသူပွေ့ချီလာသည်...

သောက်စသိပ်မရှိသော အရက်များသောက်ထားပြီး လူမှန်းမသိအောင်ဖြစ်နေသော ဆော့ဂျင်ကတော့ ဂျောင်ကုပွေ့ချီခေါ်လာရာနောက်သာ...

ဂျောင်ကု သူယူထားသည့်အခန်းကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး ဆော့ဂျင်ကိုမွေ့ယာပေါ် အသာအယာတင်လိုက်သည်...

တံခါးကို လော့ပြန်ချကာ ဆော့ဂျင်အနားသို့ လျှောက်လာရင်း သူရင်နာနာဖြင့် ကြည့်နေမိသည်...

မီးရောင်ပျပျအောက်တွင် လှချင်တိုင်းလှနေသောဆော့ဂျင်ကြောင့် သူ့ရင်ထဲက ပိုပူလာသလိုလို...

ငိုထားသောကြောင့် စိုစွတ်ကာ ကပ်နေသောမျက်တောင်တိုတိုလေးတွေ၊ ခါတိုင်း ထူထူအိအိနှုတ်ခမ်းလေးများကလဲ ပိုလို့တောင်ထူအမ်း‌နေကာ အိပ်မောကျနေရင်း ရှိုက်နေသေးသည်...

မဟုတ်ဘူး...အိပ်နေတာထက် လူမှန်းသူမှန်းမသိဘူးဆို ပိုမှန်မည်...

သူ ဘာလုပ်ရမယ်မှန်းမသိစွာဖြင့် ရေခဲသေတ္တာထဲမှ ဘီယာတစ်ဘူးကိုဖောက်ကာ သောက်နေမိသည်...

ဂျောင်ကု အနည်းငယ်ရီဝေဝေဖြစ်လာချိန်တွင် အိပ်ယာပေါ်မှ ဆော့ဂျင်ဆီက ညည်းသံသဲ့သဲ့ထွက်လာသည်...

The Curse [taejin] ✅Where stories live. Discover now