ဆော့ဂျင်ရဲ့ခေါင်းလေးကို ထယ်ယောင်း သူ့ပခုံးပေါ်မှီပြီးအိပ်စေရင်း အတွေးများနေသည်...
အေးတာကိုကြောက်လို့ ကိုးရီးယားမှာ သိပ်မနေနိုင်တဲ့ ဒီကောင်လေး၊ ငယ်ငယ်ကတည်းက စာလဲအရမ်းတော်တာမို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ အမှတ်မီခဲ့သည်...
USရဲ့ ရာသီဥတုမျိုးနဲ့ အဆင်ပြေလွန်းသောဆော့ဂျင် ကျောင်းတွေဘာတွေလျှောက်ပြီးကာမှ ရုတ်တရက် စိတ်ပြောင်းသွားပြီး ကိုးရီးယားမှာပဲ နေဖြစ်သွားသည်...
မှတ်မှတ်ရရ ဆော့ဂျင်အလယ်တန်းကျောင်းက သူငယ်ချင်းများနှင့် Jeju ကျွန်းကို ခရီးသွားပြီး အပြန်တွင်ဖြစ်သည်...
ထိုနေ့ကို ထယ်ယောင်း အနည်းငယ်မှတ်မိနေသေးသည်... ဆော့ဂျင်တစ်ယောက် Jeju ကျွန်းက ပြန်လာပြီး ဘယ်သူ့ကိုမှ မနှုတ်ဆက်ပဲ အိပ်ခန်းထဲတန်း၀င်သွားကာ အခန်းအောင်းနေတော့ Appa ပင် စိတ်ပူသွားသည်...
နေ့တ၀က်လောက်ငြိမ်နေပြီးမှ အိပ်ခန်းထဲကထွက်လာသော ဆော့ဂျင် ရုတ်တရက်ဆိုသလို ပြောလာတာက...
"ဂျင် USမှာ ကျောင်းသွားမတက်တော့ဘူး Appa"
"ဟင်... ဘယ်လိုဖြစ်လို့လဲ သားငယ်လေး"
"ဒီလိုပါပဲ ...ဒီမှာပဲ တက်တော့မယ်"
"မဟုတ်သေးပါဘူး.. ဆော့ဂျင်နီပဲ ဒီမှာအေးတော့ မနေချင်ဘူးဆို"
"ရပါတယ်... ဂျင် ဒီမှာပဲတက်မယ်"
သူ့ဖက်ကိုလှည့်ကြည့်ကာ အသံခပ်တိမ်တိမ်လေးဖြင့် ပြောလိုက်သောဆော့ဂျင်ကို သူ ယနေ့ထိနားမလည်သေး.... ထိုနေ့က ဆော့ဂျင်၏ နားလည်ရခက်တဲ့အကြည့်တွေကိုလဲ သူ အဓိပ္ပါယ်ဖော်မရသေး...
ဆော့ဂျင်ကတော့ ထိုအချိန်ကစ ဘယ်မှသွားဖို့ မပြောတော့ပေ... ပိုဆိုးတာက အထက်တန်းကျောင်းပြီးတော့ သူရှိရာ Entertainment Companyမှာပါ Freelance songwriter အနေဖြင့် ၀င်လျှောက်သည်...
ကျောင်းစာအလွန်တော်ပြီး IQမြင့်သော သူလေးသည် သီချင်းရေးရာတွင်လဲ အလွန်ပါရမီပါပုံရသည်... Freelance မို့လို့သာ၊ သူ့ကို စာချုပ်နှင့်လက်တွဲလုပ်ချင်သည့် ကုမ္မဏီတွေမှ ၀ိုင်း၀ိုင်းလည်...

YOU ARE READING
The Curse [taejin] ✅
Fiksi Penggemarမင်းက ဘယ်တုန်းကမှ မမွေးလာခဲ့သင့်ဘူး... ငါ့ဘ၀ကို ဂြိုလ်မွှေဖို့သက်သက် လူဖြစ်လာတာမလား? Start : 5.8.2023 End : 7.10.2023 ✨ Special Gift for 🎁@Kim-Taejoon-9495 ✨