"ဘယ်လိုတာ၀န်ယူစေချင်လဲ President Lee ကပြောပါ"
ဖြေရှင်းဖို့ အချက်လက်တချို့ ထုတ်ထားတဲ့ Print တွေ တထပ်လိုက်ကိုင်ထားရင်း meeting room ထဲ ၀င်လာတဲ့ ဆော့ဂျင်က မကြောက်မရွံ့ပဲ President Leeကို ပြန်မေးလိုက်သည်...
President Lee ဒေါသ ထောင်းခနဲထွက်သွားပေမဲ့ မျိုသိပ်လိုက်ပြီး ထိုမလောက်လေး မလောက်စား ကောင်လေးကို လှမ်းကြည့်လိုက်သည်...
ကုမ္မဏီကပေးတဲ့ HYBE logo ပါ အင်္ကျီလေးကို အပေါ်ထပ်အနွေးထည်လေးနဲ့ တွဲ၀တ်ထားတဲ့ ဘာမှ ထူးခြားမှုမရှိတဲ့ပုံစံနဲ့ ကောင်လေးတယောက်...
ဒါ ဟိုတက်သစ်စ လက်စွမ်းထက်နေတဲ့ တေးရေးဆရာပေါက်စပေါ့... ရုပ်ရည်ကတော့ ထူးထူးခြားခြားကို သန့်ပြန့်နေတာပဲ...
အပြစ်ကင်းတဲ့ မျက်နှာပေးရှိသလောက် ထွက်လာတဲ့အသံကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အနိမ့်အမြင့်မရှိ၊ သူ့ကို ရှိန်နေတဲ့ပုံမပေါ်...
"ကျွန်တော်က အဲ့ဒီသီချင်းကို ရေးခဲ့တဲ့သူပါ၊ ကျွန်တော့်မှာ တာ၀န်ရှိပါတယ်... အဲ့ဒါနဲ့ပတ်သက်ပြီးလည်း ဖြေရှင်းဖို့လုပ်နေပါတယ်... အချက်လက်တချို့ ပိုပြည့်စုံအောင် စီစဥ်စုဆောင်းနေရလို့ ခဏစောင့်ပေးဖို့ပြောတာပါ.... အဲ့ဒါကိုမှ မစောင့်နိုင်ဘူးဆိုရင်လဲ ပြောပါ၊ ဘယ်လို တာ၀န်ယူပေးစေချင်လဲ"
"ဆော့ဂျင်!!"
RM အသံတိုးတိုးဖြင့် မျက်နှာရိပ် မျက်နှာကဲပြပြီး လှမ်းတားသည်... ဆက်မပြောနဲ့တော့ ဆိုသည့်အဓိပ္ပါယ်...
ဆော့ဂျင်က RMရှိရာဖက်ကို လှည့်ကြည့်လိုက်သောအခါ ခပ်တည်တည်ဖြစ်နေတဲ့ မျက်နှာပေးလေးကနေ ဘေးမှာရပ်နေတဲ့ ထယ်ယောင်းကိုလဲတွေ့ရော အနဲငယ်ပျော့ပျောင်းသွားသည်...
ဒါပေမဲ့လဲ ခဏပါပဲ၊ ရင်ဆိုင်ရမဲ့ ပြဿနာကအရှေ့မှာမို့ မျက်နှာလေးက ပြန်တည်သွားရော...
"အဟက်... မင်းက ဆရာကြီးပေါ့... အိုခေလေ... ကျန်တဲ့သူတွေ အကုန်အပြင်ထွက်၊ ဆရာကြီးပဲနေခဲ့... တာ၀န်ယူစေချင်တဲ့ပုံစံ စဥ်းစားပြီး ပြောတာပေါ့"
"President Lee !!"
RM၏ စိုးရိမ်တကြီးအသံကြောင့်...
"Hyungတို့ အကုန် အပြင်ထွက်ပေးကြပါ"

YOU ARE READING
The Curse [taejin] ✅
Fiksi Penggemarမင်းက ဘယ်တုန်းကမှ မမွေးလာခဲ့သင့်ဘူး... ငါ့ဘ၀ကို ဂြိုလ်မွှေဖို့သက်သက် လူဖြစ်လာတာမလား? Start : 5.8.2023 End : 7.10.2023 ✨ Special Gift for 🎁@Kim-Taejoon-9495 ✨