Pt.1

1.5K 186 89
                                    

ထယ်ယောင်းဘ၀မှာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တစုံတယောက်ကို စပြီး မုန်းတတ်လာတာ အဲ့ဒီခလေးပိစိလေး မွေးလာတဲ့အချိန်က စတာပဲ...

"ထယ်ထယ်အဖော်ရအောင် ညီလေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ် ပေးမယ်နော်" ဆိုပြီး ပြောလာတဲ့ Appa နဲ့ Omma ကိုလည်း နားမလည်ဘူး...

Appa နဲ့ Omma ရှိရင် ပြည့်စုံနေတဲ့ဘ၀ထဲကို ဘာလို့ နောက်တစ်ယောက် ထပ်သွင်းလာလည်းဆိုတာကို ၅နှစ်သား ထယ်ယောင်းလေးနားမလည်ခဲ့ဘူး။

အူငဲအူငဲဆိုတဲ့ ငိုသံကို ကြားပြီးတဲ့နောက်မှာ "မားမားအသည်းလေး ထယ်ထယ်"ဆိုတဲ့ ခေါ်သံ တသက်လုံး ပြန်မကြားရတော့ဘူး‌လေ...

မီးတွင်းထဲမှာပဲ ဆုံးသွားရှာတဲ့ Ommaကို သင်္ဂြုလ်ဖို့ ရင်ကွဲပက်လက်နဲ့ စီစဉ်နေရလို့ သူဘာတွေဖြစ်နေတယ်ဆိုတာ သတိမထားနိုင်တဲ့Appaရယ်၊ ဘာမှန်းမသိ စူးနေအောင်ငိုနေတဲ့ အဲ့ဒီခလေးပေါက်စနလေးရယ်ကို ကြည့်ပြီး သူဆွံ့အနေမိတယ်...

ဘာမှမသိသေးတဲ့ ခလေးလေးတစ်ယောက်ကို မုန်းတီးခြင်းအမြစ်က အဲ့မှာစတွယ်လာတာပဲ...

သူ့ဘ၀ထဲကနေ Omma ရုတ်တရက် ထွက်သွားတဲ့ နောက်ဆက်တွဲရလာဒ်က လတွေ အတော်ကြာတဲ့ထိ သူ့ကို စကားမပြော‌နိုင်စေခဲ့ဘူး..

မွေးကင်းစကလေးကတစ်ဖက်၊ စကားမပြောနိုင်တဲ့ သူ့ကိုတစ်ဖက် ဗျာများရတဲ့ Appa ခမျာလဲ Omma ကို လွမ်းဆွေးချိန်တောင် မရှိရအောင် အလုပ်များရရှာတယ်...

တစ်နေ့ ၆လအရွယ် သူ့ညီလေးကိုချီပြီး သူ့အခန်းထဲကို Appa ၀င်လာရင်း...

"ထယ်ထယ်ရေ... ညီလေး သွား,စပေါက်ပြီ... ကြည့်ပါဦး"

စကားမပြောတဲ့ သူ့ကို နေ့တိုင်း ကုထုံးတွေ၊ ဆရာ၀န်တွေနဲ့ ကုပေးပေမဲ့ မတိုးတက်လာလို့ ဒီရက်ပိုင်း အိမ်မှာပဲခဏထားဖြစ်တယ်... နာနီနဲ့ချည်း လွတ်ထားရတဲ့ သားငယ်လေးကိုလဲ သေချာထိန်းချင်တာကြောင့် သားငယ်လေးကိုချီပြီး ထယ်ယောင်း အခန်းကို လာပြတဲ့ Appaရယ်...

အောက်သွား သေးသေးလေးပေါ်‌နေပြီး သွားရည် တမြားမြားကျအောင် ရယ်နေတဲ့ ခလေးလေးကိုကြည့်ကာ ထယ်ယောင်းလေး ၆လအကြာ စကားမ‌ပြောရာကနေ ပထမဆုံးစကားသံ စထွက်လာတယ်...

The Curse [taejin] ✅Where stories live. Discover now