Pt.6

940 143 52
                                    

ဆော့ဂျင်ရှိရာဖက်သို့ ထယ်ယောင်း ပြန်လျှောက်လာရင်း...

"ကိုယ့်ဖာသာ စားစရာရှိတာကုန်အောင်စား ကင်မ်ဆော့ဂျင် "

"မစားတော့ဘူး ... ကိုကို ပန်းကန်ဆေးပြီးရင်သာ ဧည့်ခန်းထဲလာခဲ့.. ဂျင်ပြောစရာရှိတယ်"

ဆော့ဂျင်ထမင်းစားပျက်သွားတာ သူ,မလိုလားပေမဲ့ သူမစားရင် ဆော့ဂျင်လဲ ဆက်စားတော့မှာ မဟုတ်မှန်းသိနေတော့ ထယ်ယောင်း ပန်းကန်သာ အမြန်ဆေးလိုက်သည်...

ထို့နောက် ဧည့်ခန်းထဲလျှောက်သွားကာ ဆော့ဂျင်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ၀င်ထိုင်လိုက်ရင်း...

"ကဲ...ပြော"

ဆော့ဂျင် သူ့မျက်နှာကို တချက်ကြည့်ကာ...

"ဂျင်အများကြီးတော့ ပြောစရာမရှိဘူး၊ ကိုကို့,ကို အရင်လိုပဲ အကိုအဖြစ်နေပေးဖို့တောင်းဆိုချင်တယ်"

ထယ်ယောင်း ခဏငြိမ်သက်နေမိသည်၊  ထို့နောက်..

"Appa မှာခဲ့တာကြောင့်ဆိုရင်တော့ ငါ့ကိုအတူနေဖို့ ခေါ်စရာမလိုပါဘူး၊ ငါ ဒီမှာမနေလဲ အပြင်မှာ ကိုယ့်ဖာသာနေနိုင်ပါတယ်"

"မဟုတ်ဘူး.. ဒီမှာနေပြီး ဂျင့်ကိုစောင့်ရှောက်ပါ"

"ဘယ်လို?"

"ဟုတ်တယ်လေ.. တသက်လုံး ဂျင့်ကိုနိုင်စားလာတာ၊ ခု Appaလဲမရှိတော့တဲ့အချိန်ကျမှ ဂျင့်ကို တစ်ယောက်ထဲ ထားခဲ့မလို့လား"

"ဟမ်.."

"အဲ့ဒီတော့ ကိုကို ဒီအိမ်မှာနေရဦးမယ်.. Appa ဆန္ဒလဲပါတယ်.. မှာသွား‌တယ်လေ ဂျင်တို့နှစ်ယောက် ချစ်ချစ်ခင်ခင်နေကြဖို့"

အရမ်းကို strong ဖြစ်ပီး ရင့်ကျက်တဲ့ ကင်မ်ဆော့ဂျင်မှ ဟုတ်ပါလေစ...

အရင်က ကိုယ့်ရှေ့မှာ လက်သီးလက်မောင်းတန်းပြီး  လူစွမ်း‌ကောင်းလုပ်၊ စောင့်ရှောက်ပေးနေတဲ့အထာကနေ Appaလဲမရှိရော နေ့ခြင်းညခြင်း သူ့အစောင့်ရှောက်ခံ ပြန်ဖြစ်သွားပါလား..

သနားစဖွယ် မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ရင်း သူ့ကိုကြည့်နေသော ဆော့ဂျင်ကို သူအူကြောင်ကြောင် ပြန်ကြည့်ကာ...

The Curse [taejin] ✅Where stories live. Discover now