"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Ep.1,Z&U

2K 80 6
                                    

#YiZhan

အလွန်ကြွယ်ဝချမ်းသာပြီး နိုင်ငံတဝှမ်းအဖိုးတန်ရတနာများထွက်ရှိကာ အေးချမ်းသာယာသော Leoနိုင်ငံသည်
အေဒီ၁၂ရာစုတွင်‌ေမြာက်ပိုင်း‌ေဒသ၌အကြီးဆုံးသောဧကရာဇ်နိုင်ငံ‌ေတာ်ဖြစ်သည်....
ထိုဧကရာဇ်နိုင်ငံတော်ကို
စစ်တို့၏နတ်ဘုရား
လက်ရုံးတို့၏မကိုဋ်
ရက်စက်ခြင်းအပေါင်း၏ဥသျှောင် ဧကရာဇ်ဝမ်ရိပေါ်အုပ်ချုပ်သည်.

ဝမ်ဧကရာဇ်ဆိုသည်မှာ စစ်နတ်ဘုရားဟုအမည်တွင်ရလောက်အောင် စစ်မက်ရေးရာတို့တွင်ရဲရင့်ပြတ်သားကာ သနားညှာတာခြင်းကင်းမဲ့လှသည်...
ဝမ်ဧကရာဇ်၏ရာဇသံကိုရရှိသောတိုင်းပြည်တို့သည် ဧကရာဇ်နှင့်အပြိုင်စစ်မက်မဖြစ်ပွားလိုကြ၍ အလိုလိုလာရောက်အညံ့ခံကာ လက်အောက်ခံနိုင်ငံများအဖြစ်ခိုလှုံကြသည်.....ထို့ကြောင့်ပင် ဝမ်ဧကရာဇ်Leoနိုင်ငံတော်သည်...
တစတစအင်အားကြီးမားကာ
အင်ပါယာနိုင်ငံတော်ကြီးဖြစ်လာလေသည်....

သို့သော်ထိုစစ်နတ်ဘုရားဧကရာဇ်သည်
ခုနှစ်ပြည်ထောင်မင်းများကဲ့သို့ အသက်အရွယ်ကြီးရင့်သောဘုရင်ကြီးတပါးမဟုတ်ပဲ အသက်20ကျော်သာရှိသေးသောလူငယ်လေးတဦးဖြစ်နေရုံသာမက ခန့်ညား‌ေချာ‌ေမာလှသောမျက်နှာနှင့် တည်ငြိမ်ရင့်ကျက်ကာ အပြုံးအရယ်ကင်းမဲ့သော မျက်ဝန်းနက်နက်တို့ကိုပိုင်ဆိုင်ထားသည်ကြောင့်ဝမ်ဧကရာဇ်ရဲ့ခန့်ညားမှုဂုဏ်သတင်းသည်လည်း လက်ရုံးရည်နှင့်အတူကျော်ကြားလှသည်.......သို့သော်
ထိုအနက်ရောင်အေးစက်စက်မျက်ဝန်းတို့သည် ရက်စက်မှူအပေါင်းသရဖူဆောင်းထားခြင်း၏ ပြယုဂ်များသဖွယ်........

ထိုနည်းတူပင် တောင်ပိုင်းဒေသတွင်လည်း အေချမ်းသာယာကာ အလွန်လှပသော ရှားပါးသယံဇာတတို့နှင့်အတူ နတ်ပြည်ကဲ့သို့ အလွန်တရာလှပသည့်သဘာဝရှုမျှော်ခင်းတို့ဖြင့်ဝန်းရံ‌ေသာ လျန်ဟွားနိုင်ငံတော်တည်ရှိသည်.....

လျန်ဟွားနိုင်ငံတော်သည် တောင်ပိုင်းဒေသတခွင်တွင် လူ့လောက၏နတ်ဥယျာဥ်ဟုတင်စားကြသလို အလှတရားတို့၏ဘုံဗိမာန် ဟုအမည်တွင်ရအောင်ပင် လျန်ဟွားနိုင်ငံသူ နိုင်ငံသားတို့သည်လည်း အလွန်တရာနုပျိုချောမော၍လှပကြသည်။
နိုင်ငံတဝှမ်းတွင်လဲ အလှဆုံးနှင့်အရှားပါးဆုံးသော သစ်ပင်ပန်းမန်တို့သည် ဆယ့်နှစ်ရာသီလုံး အရောင်စုံရနံ့စုံပွင့်လန်းကြသည်....

"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Where stories live. Discover now