"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Ep.4,Z&U

654 51 4
                                    

#YiZhan

ဧကရာဇ်ဝမ်ရိပေါ်တယောက် မိမိအားနှုတ်ဆက်ထွက်ခွာသွားသော လျန်ဟွားပြည်၏နတ်ပန်းချီကားလေးကိုငေးမောရင်း ထိုအလှတရားကို ပိုင်ဆိုင်လိုစိတ်တို့က တဖွားဖွားနဲ့ရယ်...သို့သော် ဧကရာဇ်ဝမ်သည် ခက်ထန်ရက်စက်မှုအပေါင်းတို့၏နတ်ဘုရားဖြစ်သည်ကြောင့် နူးညံ့လှပလွန်းသော အလှနတ်ဘုရားလေးကို ပိုင်ဆိုင်ရဖို့အရေးမှာတော့ ရက်စက်ခြင်း ခက်ထန်ခြင်းတို့က အသုံးမဝင်နိုင်သည်ကိုတော့ ဝမ်ဧကရာဇ်သိပါလေစ...

ဝေ့ရင်း..."အကိုဝမ် ကျနော့်ရဲ့အကိုတော်ကိုလိုက်ငေးနေတာ မျက်လုံးကြီးကျွတ်ကျတော့မယ်.....🤣🤣🤣
အကိုတော်ရဲ့အလှတရားမှာ နစ်မျောသွားပြီလား..."

🤴ဝမ်..."အင်း ဟုတ်တယ် အိမ်ရှေ့စံရဲ့အလှတရားမှာ ကိုယ်တကယ်နစ်မျောသွားရပြီ ...ဘာလို့အဲ့လောက်လှတာလဲ
လူစစ်စစ်မှဟုတ်ရဲ့လား...လရောင်လိုတောက်ပလွန်းတယ်...."

ဝေ့ရင်း..."လူစစ်စစ်ပါဗျာ...အကိုတော်က တကယ်ကို နတ်ဘုရားတပါးလိုလှလွန်းတာ အလှနတ်ဘုရားတွေတောင်မနာလိုဖြစ်ရလောက်တယ်မလား.."

🤴ဝမ်..."ကိုယ်မြင်ဖူးသမျှအလှတရားတွေထဲမှာ အလှဆုံးပဲ..."

ဝေ့ရင်း...."ဟုတ်ပါပြီဗျာ အဲ့ဒါကျနော့်ရဲ့အကိုတော် ဒီနိုင်ငံရဲ့အိမ်ရှေ့စံဆိုတာလေးသတိရပါဦး ..."

🤴ဝမ်..."အာ ကိုယ်တောင်းပန်ပါတယ် ကိုယ်စည်းကမ်းမရှိသလိုဖြစ်သွားတယ်...."

ဝေ့ရင်း ..."ရပါတယ်ဗျာ ဒါဆိုစားပြီးရင် အကိုဝမ်တည်းဖို့နေရာထိလိုက်ပို့မယ်လေ ဒါမှနောက်နေ့အကိုတော်ကနန်းတော်ထဲကိုဖိတ်ခိုင်းရင် ကျနော်လာခေါ်လို့ရမှာလေ..."

🤴ဝမ်..."အင်း ဒါဆိုသွားကြမယ်လေ..."

စားသောက်ဆိုင်မှထွက်လာပြီး တည်းခိုရန် တည်းခိုဆောင်တခုရှာလိုက်ကာ
ဝေ့ရင်းနဲ့အားယွမ်တို့လိုက်ပို့ကြပြီးနောက် ပြန်သွားကြလေပြီ....
ဧကရာဇ် ဝမ်ရိပေါ်လဲအိပ်ယာပေါ်လှဲချလိုက်ကာ အစောပိုင်းကတွေ့လိုက်ရတဲ့အလှတရားလေး၏ပုံရိပ်တို့ကိုပြန်မြင်ယောင်နေမိသည်...

'လှလိုက်တာကွာ ဘယ်လိုတောင်တင့်တယ်နေတာလဲ အလှလေးရယ်...ခြေလှမ်းတိုင်းမှာ စကားလုံးလေးတိုင်းမှာ မင်းကတကယ်ကိုမြတ်နိုးဖွယ်ရာတပါးပဲ...မင်းကိုပိုင်ဆိုင်ချင်တယ်...ပိုင်ဆိုင်ရဖို့လဲကိုယ်ကြိုးစားမယ်...မင်းကကိုယ့်ရဲ့အပိုင် ကိုယ့်ရဲ့ကြင်ယာတော်အလှလေးဖြစ်လာစေရမယ်...'
.... ................
အိမ်ရှေ့စံအလှလေး တက္ကသိုလ်ထဲဝင်လာသည်နှင့်နိုင်ငံတကာမှ တော်ဝင်မင်းသားများ မင်းသမီးများ ကျောင်းသားများအားလုံးတို့သည်
အတိုးအကျိတ်ပင်ငေးမောကြသည်...
ထိုကျောင်းသားများထဲတွင် တချို့သောကျောင်းသားများသည် အိမ်ရှေ့စံအလှလေးကိုတနေ့အပိုင်သိမ်းမည်ဟုကြွေးကြော်ထားသူက 100မှာ90လောက်ပါဝင်သည်....

"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Where stories live. Discover now