#YiZhan
မကြာမီရက်ပိုင်းတွင်လျန်ဟွားနန်းတော်နှင့်လျန်ဟွားပြည်တခုလုံး မင်္ဂလာအခမ်းအနားအတွက်ပြင်ဆင်ကြလေပြီ..ဝမ်ဧကရာဇ်နှင့်အိမ်ရှေ့စံရှောင်းတို့၏မင်္ဂလာပွဲသတင်းကြောင့်လျန်ဟွားပြည်သူတို့မှာလဲ ဝမ်းမြောက်စွာဂုဏ်ပြုကြသည့်အနေဖြင့် အိမ်ရှေ့တွင်မင်္ဂလာမီးပုံးများချိတ်ဆွဲ၍အလှဆင်ကြလေသည်.,...လျန်ဟွားပြည်တခုလုံး
မင်္ဂလာအပေါင်းခညောင်းလေသည့်ဟန်....နန်းတော်ထဲမှာလဲ နန်းတွင်းသူနန်းတွင်းသားတို့မှာမင်္ဂလာပွဲအတွက်အလုပ်များနေကြလေတော့သည်....
☺️'ဟဲ့ ဝမ်ဧကရာဇ်ကဘာတွေလောနေတာလဲမသိဘူးနော်...မင်ဂလာပွဲကိုအမြန်ကြီးစီစဉ်ခိုင်းတာ....
☺️Aww ညည်းတို့ကလဲ ကျမတို့ရဲ့အိမ်ရှေ့စံလေးကိုလဲကြည့်ဦးလေ ဘယ်လောက်လှလဲ ..အဲ့တော့ဝမ်ဧကရာဇ်ကြီး မစောင့်နိုင်တော့တာနေမှာပေါ့,..
😁ဟုတ်မယ် ဟုတ်မယ် ကျုပ်တို့အိမ်ရှေ့စံလေးကလဲလှ ဝမ်ဧကရာဇ်ကလဲချော အမလေး လိုက်ဖက်သောပါပဲအေ
နေနဲ့လဆိုတာဒါမျိုးဖြစ်မယ်...☺️ဟဲ့ ဒါပေမယ့် ဧကရာဇ်ကရက်စက်တယ်လို့နာမည်ကြီးတာနော် ငါတို့ရဲ့အိမ်ရှေ့စံလေးနဲ့အဆင်ပြေပါ့မလား...
အိမ်ရှေ့စံလေးကို သနားလိုက် ...လိုက်..
အယ်...နန်းတွင်းသူတွေစကားပင်မဆုံးသေးမြင်လိုက်ရတဲ့မြင်ကွင်းတခုကြောင့်
နန်းတွင်းသူများခမျာ ပြုံးစိစိတွေဖြစ်ရပေမယ့် အရှင်သခင်တွေလာရာလမ်းမို့အမြန်ခေါင်းကိုငုံ့ကာအရိုအသေပေးလိုက်ရသည်..သူတို့မြင်လိုက်ရသည်က...တည်ငြိမ်ရင့်ကျက်လွန်းတဲ့သူမတို့ရဲ့အိမ်ရှေ့စံက နှုတ်ခမ်းလေးကိုစူထော်ကာနဲ့ခြေအစုံကိုဆောင့်ကာဆောင့်ကာနဲ့ ရှေ့ကနေသွားေနပံုေလးက စိတ်ကောက်နေသည့်ခေလးငယ်လိုဟန်လေး ...
ဒါကိုနောက်ကနေ အပြုံးအရယ်မရှိဟုအမည်ရသောဝမ်ဧကရာဇ်က သွား32ချောင်းကိုဖြီးလို့ရယ်...
ရှေ့ကစိတ်ကောက်နေတဲ့ချစ်သူလေးကိုလိုက်ချော့နေပုံများ....
ရက်စက်မှူတို့ရဲ့ဥသျှောင်ဝမ်ဧကရာဇ်မှဟုတ်ရဲ့လားလို့ နှစ်ခါပြန်မေးယူရမည်ပင်....
YOU ARE READING
"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"
היסטורי בדיוניနိုင်ငံတဝန်း သွေးအေးရက်စက်လွန်းလို့ တခြားနိုင်ငံတွေကပါ ဖိန့်" တုန်အောင်ကြောက်ရတဲ့ Leo နိုင်ငံပြည့်ရှင် အရှင်ဝမ်ရိပေါ် ???? သုံးလောကမှာအလှဆုံးသက်ရှိနတ်ဘုရားလို့ တင်စားခေါ်ဝေါ်ပြီး နိုင်ငံတကာက မင်းသမီးတွေသာမက မင်းသားတွေကပါ အပြိုင် လိုချင်နေကြတဲ့ လျန်ဟ...