"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Ep.3,Z&U

686 54 8
                                    

#YiZhan

Leoဧကရာဇ် ဝမ်ရိပေါ်တယောက်
ခရီးသွားဟန်ဆောင်၍ လျန်ဟွားနိုင်ငံဆီ ရောက်ရှိလာလေသည်....
လျန်ဟွားနိုင်ငံသည် နယ်စပ်ရောက်သည်နှင့်ပင် ခေတ်မီလှပခြင်းတို့ကိုခံစားမိစေသည်....

ခမ်းနားလှပသော မြို့ရိုးကြီးများတံခါးကြီးများသည် ယန္တရားတို့ဖြင့်သာလည်ပတ်သည် လူအင်အားဖြင့် တွန်းဖွင့် တွန်းပိတ်၍ မင်းတုံးခံထားရသော မြို့တံခါးများသို့မဟုတ်ပေ...

မြို့တော်ထဲဝင်လာသည်နှင့် လှပချောမောသော လျန်ဟွားသူ လျန်ဟွားသားတို့ကိုမြင်တွေ့ရသည်...
ထို့ပြင်ထူးခြားသည်မှာ လျန်ဟွားနိုင်ငံတွင် သူဖုန်းစားမရှိပေ...
တခြားတိုင်းပြည်များအလည်ရောက်လျှင်မြို့အဝင်တို့၌သူဖုန်းစားတို့နေရာအနှံ့တွေ့ရသော်လည်း လျန်ဟွား၌သူဖုန်းစားမရှိပါ.....

အဘယ်ကြောင့်ဆိုသော် လျန်ဟွား၏ အိမ်ရှေ့စံရှောင်းက အိမ်ခြေမဲ့များကို နိုင်ငံဖွံ့ဖြိုးရေးနေရာအသီးသီးတွင်လုပ်အားပါဝင်စေပြီး လုပ်အားခအဖြစ် နေစရာ စားစရာတို့စီမံပေးထားသောကြောင့်ပင်...ထို့ပြင်လျန်ဟွားတွင်သယ်ယူပို့ဆောင်ရေးကိုလဲယန္တရားများဖြင့်လည်ပတ်သည်...မြို့၏လမ်းမကြီးတလျှောက် ကြီးမားသောတိုင်လုံးကြီးများပေါ်တွင် ကြေးနန်းကြီးတို့ဖြင့် သွယ်တန်းလျက် မှန်လုံအိမ်ပုံသဏ္ဍာန်အခန်းငယ်ကို ထိုကြိုးတန်းတ‌ေလျှာက်ရွေ့လျားစေကာ သယ်ယူပို့ဆောင်ရေးတို့ကိုလုပ်ကိုင်သည်
(ရှေးခေတ် ဓာတ်ရထားကိုဆိုလိုခြင်းဖြစ်သည်)...ဓာတ်ရထားအကြောင်းသိချင်ရင် YouTube မှာရှာဖတ်ပါနော်...

ထို့ကြောင့်လျန်ဟွားပြည်သူတို့သည် လှပသပ်ရပ်ကာ ဆင်းရဲခြင်းမရှိ တာဝန်ကိုယ်စီဖြင့် နိုင်ငံ့ဝန်ထမ်းနေကြသည်...
ထို့ပြင်လျန်ဟွားပြည်သူတိုင်းသည် ကျားမမရွေး ပညာသင်ကြားခွင့်ရှိသည် တတ်မြောက်ကြသည်....စာမတတ်သူမရှိပေ ခလေးငယ်ကအစ စာဖတ်တတ်ကြသည်....

ထို့အပြင်လျန်ဟွားနိုင်ငံသည်ဗုဒ္ဓတရားတော်ထွန်းကားရာနိုင်ငံဖြစ်သည်ကြောင့်သံဃာတော်များကိုတွေ့ရသလို ဘုရားကျောင်းများမှ တရားစာရွတ်သံ
ဘုရားဝတ်ပြုသံတို့လဲကြားရသည်....

"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Where stories live. Discover now