"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Ep.5,Z&U

656 46 11
                                    

#YiZhan

မြတ်နိုးရသူလေးရဲ့ ထိမ်းမြားမင်္ဂလာသတင်းသည် ဧကရာဇ်ဝမ်၏ဦးခေါင်းကိုမိုးကြိုးအစင်းတရာခသည်ထက်....
နှလုံးသွေးတို့အရှင်လတ်လတ်ဖောက်ထုတ်ခံရသည်ထက်... ရင်ကိုခွဲ၍မီးရဲရဲနှင့်ကင်ခံရခြင်းတို့ထက်....ဧကရာဇ်ဝမ်စီရင်သောငရဲခန်း6မျိုးမှဖြတ်ကျော်ရခြင်းထက်ပင် အဆပေါင်းများစွာပို၍နာကျင်ကြေကွဲလာမိသည်...

'💚ငါတကယ်ပဲအဲ့လောက်ထိခံစားနေရတာလား ဘယ်လိုရင်ကွဲနာမျိုးလဲ ငါ့ရင်တွေတဆစ်ဆစ်နဲ့နာကျင်လိုက်တာ အခုကငါသူ့ကိုမှ မရရင်သေသွားနိုင်တာမျိုးလား မဟုတ်သေးပါဘူး... ငါအဲ့လောက်တောင်စွဲလန်းနေမိပြီလား စိတ်ထိန်းစမ်း ဝမ်ရိပေါ်...မင်းမဟုတ်သလိုပဲ....မင်းကLeoနိုင်ငံရဲ့ပြည့်ရှင် တစ်မိုးအောက်စစ်နတ်ဘုရားဧကရာဇ်ဝမ်ရိပေါ်ပဲ မင်းရဲ့အပိုင်ကို ဘယ်သူ့ဆီမှမရောက်ပါဘူး...စိတ်လျော့....ဟူးးးး'

တယောက်ထဲစိတ်ထဲကရေရွတ်ကာ မိမိစိတ်ကိုပြန်ထိန်းလို့ရယ် ...အပြုံးတပွင့်ဖန်တီးလို့ရယ် ဝေ့ရင်းနဲ့အားယွမ်တို့ဘက်လှည့်လိုက်ကာ ....

ဝမ်🤴..."ကိုယ့်ကိုခနစောင့်ပေးလို့ရမလား အဝတ်အစားလဲချင်လို့ပါ..."

ဝေ့ရင်း..."ရပါတယ် အကိုဝမ် ကျနော်တို့စောင့်နေပါ့မယ်.."

ခနအကြာ အဝတ်အစားသန့်ပြန့်စွာဝတ်ဆင်ပြီးထွက်လာသော ဝမ်ရိပေါ်,..

ဝေ့ရင်း..."ဝိုး အကိုဝမ်က ဒီလိုသေချာဝတ်စားလိုက်တော့ အရမ်းချောတာပဲ.."

🤴ဝမ်..."အဟက် မင်းသားငယ်ဝေ့ရင်းကကျနော့်ကိုမြှောက်နေပြန်ပါပြီ..."

,ဝေ့ရင်း..."တကယ်ပြောတာပါအကိုဝမ်ရာ လုံးဝအချောပဲအကိုက..."

🤴ဝမ်..."ဟုတ်ပါပြီဗျာ သွားရအောင် အိမ်ရှေ့စံစောင့်နေရရင်အားနာစရာကြီး..."

ဝေ့ရင်း..."ဟုတ်ကဲ့ သွားကြမယ်..."
.....
ဒီလိုနဲ့ ဝမ်ရိပေါ်လျန်ဟွားနန်းတော်ဆီရောက်လာလေရာ လျန်ဟွားနန်းတော်ကိုနတ်ပြည်ဟုပင်ထင်မှတ်မှားမိသည်...
အနီရဲရဲနန်းမြို့ရိုးတွေ ကာရံကာ ရွှေရောင်ပန်းကနုတ်များဖြင့် ထည်ဝါခန့်ညားလွန်းလှသော လျန်ဟွားနန်းတော်သည် တကယ့်နတ်ပြည်ပင်....

"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"Where stories live. Discover now