#YiZhan
အခုမနက်ကတော့ လျန်ဟွားပြည်ရဲ့အလှနတ်ဘုရား အိမ်ရှေ့စံရှောင်းနဲ့မင်နိုင်၏သမီးတော်ရှန်းရွယ်တို့ရဲ့ ထိမ်းမြားမင်္ဂလာရက်မြတ်ပင်....
သို့သော် ထိုမင်္ဂလာပွဲ၏သတို့သား သတို့သမီးစစ်စစ်တို့က မင်္ဂလာပွဲမှာရှိမနေပါပဲ ရုပ်ဖျက်လို့ရယ် ဆိပ်ကမ်းတခုတွင်ရောက်ရှိနေလေသည်..မင်္ဂလာပွဲမှာတော့ သတို့သမိးနေရာမှာ မင်းသားငယ်ဝေ့ရင်းဖြစ်ပြီး သတို့သားအိမ်ရှေ့စံနေရာမှာကတော့ Leoနိုင်ငံ၏ဧကရာဇ် ဝမ်ရိပေါ်တို့ကနေရာယူထားသည်....
သတို့သမီးလောင်းလေးဖြစ်တဲ့မင်နိုင်ငံမင်းသမီးလေးရှန်းရွယ်မှာ ချစ်ရသူရှိသည့်ချောင်နိုင်ငံသို့ထွက်ပြေးရန်ဖြစ်ပြီး ကူညီပေးသူကတော့ သတို့သားလောင်းဖြစ်သည့် လျန်ဟွားရဲ့အိမ်ရှေ့စံရှောင်းကိုယ်တိုင်ပင်...
❤️ကဲ ရှန်းရွယ် သင်္ဘောထွက်တော့မယ်တက်တော့ ကျန်းမာရေးကိုဂရုစိုက် လမ်းမှာအဆင်ပြေပါစေနော် ဟိုရောက်ရင်လဲငါ့ဆီစာပို့ဦး ...သွားတော့...
🌼အင်းပါရှောင်းရယ် ငါနင့်ကိုအရမ်းကျေးဇူးတင်ပါတယ်ဟာ ငါတို့ကံမကုန်ရင်ပြန်ဆုံမှာပါ...နင်လဲအစစအရာရာဂရုစိုက် ပြီးတော့ နင့်လဲအမြန်ချစ်သူရပါစေနော်..ဒါနဲ့ နင့်လူကိုငါမမြင်ဖူးသေးတာကြီးကစိတ်မကောင်းစရာပဲ...
ငါတို့ရဲ့အလှလေးကိုညှို့နိုင်တဲ့လူက သာမန်တော့မဖြစ်နိုင်ဘူး....❤️ကဲပါ စပ်စုမနေနဲ့ပြန်ဆုံတဲ့အခါကျမိတ်ဆက်ပေးမယ်☺️☺️
သူငယ်ချင်းနှစ်ယောက်သင်္ဘောဆိပ်မှာနှုတ်ဆက်စကားဆိုနေတုန်း မြင်းသည်တော်အများအပြားနဲ့ဒုန်းစိုင်းကာနှင်လာသောအဖွဲ့တခု၏မြင်းခွာသံများကြောင့် ရှောင်းနဲ့ရှန်း သူငယ်ချင်းနှစ်ယောက် ထိုမြင်းခွာသံတွေဆီလှမ်းကြည့်မိတော့.....
❤️🌼ဟင်😲😲😲ချန်း.....
🌼ရှောင်း အဲ့ဒါချန်းမဟုတ်လား...
ကြည့်ရတာမင်္ဂလာပွဲသတင်းကြားသွားတာများလား...❤️ဟားးးးး တလွဲတွေတော့ဖြစ်ကုန်တော့မှာပဲကွာ ...ရှန်း ...လာ ..
နန်းတော်ကိုအမြန်လိုက်ကြစို့ ချန်းကိုငါတို့အချိန်မီတားနိုင်မှဖြစ်မယ်....
YOU ARE READING
"ကမ္ဘာပျက်သုန်း အဆုံးထိတိုင်"
Fiksi Sejarahနိုင်ငံတဝန်း သွေးအေးရက်စက်လွန်းလို့ တခြားနိုင်ငံတွေကပါ ဖိန့်" တုန်အောင်ကြောက်ရတဲ့ Leo နိုင်ငံပြည့်ရှင် အရှင်ဝမ်ရိပေါ် ???? သုံးလောကမှာအလှဆုံးသက်ရှိနတ်ဘုရားလို့ တင်စားခေါ်ဝေါ်ပြီး နိုင်ငံတကာက မင်းသမီးတွေသာမက မင်းသားတွေကပါ အပြိုင် လိုချင်နေကြတဲ့ လျန်ဟ...