"ချွဲဘောမ်ရေ...ချွဲဘောမ်..."
အခန်းထဲဝင်လာတဲ့ အိုမားကြောင့် ဘောမ်ဂယူနားကို ခေါင်းအုံးနဲ့ဖိပိတ်ကာပြန်အိပ်နေလိုက်သည်။
"ဟဲ့...ချွဲဘောမ်ဂယူ ထစမ်း!!.နင်ကျောင်းသွားရမှာအောက်မှာ ထယ်ဟျွန်းလေးတောင်ရောက်နေပြီ...ထစမ်း အခုထလို့!!"
ပါးစပ်ကပြောရင်းဖင်ကိုတဖြန်းဖြန်းရိုက်လာတဲ့အိုမားကြောင့် အိပ်နေရာမှအလျှင်အမြန်ထလိုက်ရင်း ဘေးနားခေါင်းအုံးများကိုယူ၍ကာထားလိုက်ရ၏။
"အိုမား...အိုမားလွန်မယ်နော်...ကိုယ်တစ်ဦးတည်းသောသားလေးကို...အိုမားလုပ်ရက်တယ်ပေါ့"
"လုပ်တယ်ဟေ့...လုပ်တယ် နင်မနေ့ညက ကားမောင်းပြိုင်လာတာ နင့်ကားဘယ်လောက်စုတ်ပျက်သွားတယ်မှတ်လဲ...ပြီးတော့အဲ့ကားက နင်ဟိုတစ်ပတ်ကမှမရရင်သေတော့မလိုပူဆာလိူ့ဝယ်ပေးထားရတာ"
"ဪ...အိုမားရယ် ပစ္စည်းဥစ္စာဟူသည်မြဲသည်မရှိတဲ့...အိုမားတရားသဘောတွေကိုနားလည်အောင်လုပ်ထားသင့်တယ်"
"အေး...တရားသဘောကိုသိအောင်မလုပ်သေးခင်...ပိုက်ဆံရဲ့သဘောကိုနင်သိအောင်လုပ်ပေးမယ်...လာခဲ့!"
"အိုမားလွန်မယ်နော်...လွန်မယ်...အိုမား!"
ဒီတိုင်းရှောင်ရင်မလွတ်နိုင်တာသိတာမို့ ကုတင်ပေါ်ကပြေးဆင်းကာ ရေချိုးခန်းထဲသို့ပြေးဝင်ရင်း လော့ချထားလိုက်ရသည်။
ဟူးးး...
ခုမှပဲတစ်ရန်အေးတော့တယ်...
~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းသွားတဲ့လမ်းတစ်လျှောက် ဘေးနားကကပ်ထိုင်လာသည့် ကောင်မှာဆူပုပ်ပုပ်"ဟိတ်ကောင်!...မျက်ခွက်အဲ့လောက်ပျက်မနေနဲ့ ခုမှ၈ခွဲပဲရှိသေးတာ ကျောင်းတက်ဖို့နာရီဝက်လိုသေးတယ်"
"ငါစာတန်းတင်ဖို့ စာကြည့်တိုက်ကိုသွားရဦးမှာ..မင်းကြောင့်နောက်ကျကုန်ပြီ...ငုံးဥပဲ"
သူများကားလည်းကပ်စီးသေးတယ် သူများလည်းအပြစ်ပြောသေးတယ်
ဒီ ဂန်ထယ်ဟွန်း ဆိုတဲ့ကောင်က စေတနာရှိချင်စရာ"အဲ့လောက်မှအရေးကြီးနေလည်း...မင့်ဘဲကိုပို့ခိုင်းပါလား...ငါ့ကိုလာဒုက္ခပေးနေသေးတယ်"
YOU ARE READING
LOVE FIGHT
Historia Cortaချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....