ခွပ်!!
ထွက်ပေါ်လာတဲ့ထိုးကျိတ်သံနဲ့အတူ လည်ထွက်သွားတဲ့ပါးပြင်တစ်ဖက်ဟာ ပူကနဲ
ပါးစပ်ထဲသို့ဝင်ရောက်လာကြတဲ့ ငံကျိကျီအရသာတို့နဲ့နာကျင်မှုဟာသိသိသာသာအရှိန်တိုး၍လာခဲ့၏။
ချစ်ရသူရဲ့ လက်သီးတစ်ချက်အရှိန်မသေးလှပါချေ။
"ဘာလုပ်တာလဲ? "
နီကျင်နေတဲ့မျက်ဝန်းတွေတဲ့ ယောန်ဂျွန်ရဲ့ကော်လာစတွေကို ဆုပ်ကိုင်ကာမေးနေသူရဲ့အသံမှာ ဒေါသတို့ဟာရာခိုင်နှုန်းအပြည့်
"ချွဲယောန်ဂျွန် ...မင်းကိုငါမေးနေတယ်...ငါကိုဘယ်လိုသဘောထားပြီး...ဒီလိုလုပ်တာလဲလို့!!!'
တိကျရေရာတဲ့ အကြောင်းပြချက် ဖွင့်ဟချက်တစ်ခုရှိမနေပါပဲ လက်ခံရရှိတဲ့အနမ်းဟာ ဘာသဘောပါလဲ အလေးမထားတာလား ပေါ့ပျက်တာလား?
ချွဲယောန်ဂျွန်ဆိုတဲ့ကောင်ကလေ သူ့ကြောင့်ရှုပ်ထွေးနေတဲ့ ဘောမ်ဂယူကမ္ဘာကြီးကို ဗြောင်းဆန်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိနေတာ!
"ဘာလို့ဘာမှပြန်မပြောတာလဲ?...ဘာလဲ ငါကိုတမင်သက်သက် အနိုင်ပိုင်းချင်တာနဲ့ပဲ ငါ့နှလုံးသားကိုရယူဖို့ကြိုးစားနေတာလား?"
"မဟုတ်ဘူး!...အထင်လွဲနေတာပါဂယူရယ် ...ကိုယ့်မှာတခြားဘာရည်ရွယ်ချက်မှာမရှိပါဘူး"
"အဲ့တာဆို မင်းရဲ့စောက်ဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ကဘာလဲလို့!!!"
နာကျင်တုန်ခိုက်နေတဲ့အသံမှာ မျက်ရည်စတစ်ချို့တွဲခိုလာသည်။
ငိုရလောက်အောင်အထိဘာလို့များ...
ခုအချိန်မှာခံစားချက်တို့ကပြောပြလို့မရသည့်အခြေအနေပင်
"ကိုယ်ချစ်လို့ပါ....မင်းကိုကိုယ်ချစ်လို့ပါ"
ကော်လာစကိုကိုင်းထားတဲ့လက်ကလေးတွေပြေလျော့သွားပြီး ယောန်ဂျွန်ကိုကြည့်လာတဲ့မျက်နှာလေးမှာ အံဩမှုတွေပြည့်နှက်လို့နေ၏။
ယုံပါကလေးရယ် ရင်ထဲကလာတဲ့စကားအစစ်အမှန်တွေမို့ ကိုယ့်ကိုယုံပါနော်...
"မင်း!...ပြန်တော့"
"မဟုတ်ဘူး.... ဂယူကိုယ်တကယ်ပြောနေတာပါ...ခုလိုခံစားချက်တွေဖြစ်တည်လာတယ်ဆိုတာကလည်း အခုချိန်မှမဟုတ်ပါဘူး ...ကိုယ်မင်းကိုချစ်နေခဲ့တာကြာပါပြီ...ပြီးတော့အနိုင်လိုချင်ရုံနဲ့ဒီလိုမျိုးလုပ်တာမဟုတ်ရပါဘူး...ကိုယ့်ကိုကြည့်ပါဦးကွာနော်...ကိုယ့်ကိုကြည့်ပါဦး...ကိုယ်တောင်းပန်ပါတယ်"
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....