"အဲ့တော့ အခြေအနေက ?"
သိလိုစိတ်နဲ့မေးတဲ့ ထယ်ဟျွန်းမျက်လုံးထဲ စပ်စုနေသည့်အရိပ်အယောင်များကအပြည့်
"ငါလည်း စောင့်ကြည့်ဦးမယ်လို့ပြောလိုက်တယ်"
"ဟာ!...ဘောမ်ဂယူရာ ဟိုကရော မင်းဘက်ကရော ချစ်နေပြီလေ...ဘာလို့အချိန်တွေထပ်ဆွဲချင်နေရတာလဲ? "
အနှီဂန်ထယ်ဟျွန်းဟာ အားမလိုအားမရပြောရင်း လေပူတွေတောင်မှုတ်ထုတ်နေလိုက်သေးသည်။
သူ့သူငယ်ချင်းက ငါလား ? ချွဲယောန်ဂျွန်လား ? ဘောမ်ဂယူ စိတ်ထဲကပင် ကိုယ့်ကိုကိုယ့် ပြန်မေးမိသွား၏။
"ငါနည်းနည်းကြောက်တယ်ကွ...သူပုံစံကြည့်ရတာ play boyလိုမျိုးကြီး ..."
"မင်းကိုက အတွေးလွန်တာ ..ချွဲယောန်ဂျွန်က မင်းကို အလယ်တန်းလောက်ကတည်းက ကြိုက်နေမှန်း အားလုံးသိတယ်...မင်းပဲမသိတာ"
"ဒါပေမယ့်...!"
"Baby.."
တိုင်ပင်ရာမရောက်ပဲ စကားနိုင်လုသလိုဖြစ်လာသည့် စကားဝိုင်းထဲတွင် တစ်ဖက်က ဂန်ထယ်ဟျွန်းအား ပြန်ငြင်းမည်ပြင်ခိုက် ခေါ်သံတစ်ခုနဲ့ အနားရောက်လာသောသူ ...
"အသက်ရှည်ဦးမယ်"
အမြင်ကပ်သလို တစ်ချက်ကြည့်ကာ ထယ်ဟျွန်းက ခပ်တိုးတိုးရေရွတ်သည်။
"ကိုယ်က မင်းကိုလိုက်ရှာနေတာ"
"ဘာလုပ်ဖို့လဲ?"
မေးခွန်းကိုမဖြေသေးပဲ ဘေးနားကထိုင်ခုံမှာဝင်ထိုင်ရင်း ဘောမ်ဂယူမျက်နှာကို မေးထောက်ရင်းငေးသည့် လူကြောင့် အနည်းငယ်နေရခက်လာမိသည်။
"ကိုယ့်နှလုံးသားလေး မင်းဆီပါသွားလို့လေ"
"စိတ်ကုန်တဲ့ထဲမှာ အဲ့ဒါတွေလည်းပါတယ်"
ဘေးနားက ထွက်ပေါ်လာသော ဂန်ထယ်ဟျွန်းအသံကြောင့် ချွဲယောန်ဂျွန်ရဲ့ အကြည့်တွေက လားရာပြောင်းသွား၏။
"စိတ်ကုန်ရင် ထွက်သွားလေ ! ငါကလည်း ငါ့babyနဲ့နှစ်ယောက်တည်းနေချင်တာ အပိုလူတွေမလိုဘူး"
"မင်းဖေ ကူညီတာလေးပြန်သတိရဦး ဟိတ်ကောင်! ခုမှ ကျေးဇူးကန်းပြီး ပြန်မကိုက်နဲ့ "
![](https://img.wattpad.com/cover/350915443-288-k939828.jpg)
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....