မျက်နှာပေါ်ကျရောက်နေတဲ့နေရောင်ချည်နုနုလေးကြောင့် ပိတ်ချထားသောဘောမ်ဂယူမျက်ခွံလေးတွေသက်ဝင်လှုပ်ရှားလာခဲ့သည်။
ဒီနေ့တော့အိမ်တွင်ဘယ်သူမှရှိမနေ အိုမားတို့လည်း အပန်းဖြေခရီးသွားတာမို့ အိမ်အကူကိုပါနားရက်ပေးထားတာကြောင့်တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
မငြိမ်သက်တာကတော့ ဘောမ်ဂယူ့ရင်ထဲတွင်ဖြစ်သည်။
ချွဲယောန်ဂျွန်ဒီနေ့မလာရှာလောက်ဘူးထင်တာပဲ
တွေ့ရင်ပတ်ရှောင်နေပေမယ့် မတွေ့ပြန်တော့လည်းရှာနေမိတဲ့ကိုယ့်ကိုကိုယ် နားမလည်နိုင်တော့
ခုရက်ပိုင်း ဘောမ်ဂယူရဲ့နေ့ရက်တိုင်းကို ချွဲယောန်ဂျွန်ကအပိုင်းစားရထားသလိုပင်
မိုးလင်းတာနဲ့ခေါင်းထဲရော အတွေးထဲပါနေရာယူလာတဲ့ထိုသူကို ဘောမ်ဂယူဘယ်လိုသတ်မှတ်သင့်လဲ?
ချစ်လို့လား ? ဒါမှမဟုတ်မုန်းလို့လား?
ချွဲယောန်ဂျွန်နဲ့ ပတ်သတ်လာရင် ခုတလောလူကသိပ်မတည်ငြိမ်ချင်
အရင်ကဆိုဒီလိုနေ့မျိုး အိုမားတို့ခရီးသွားရင် ဘောမ်ဂယူရှေ့ဆုံးကနေလိုက်နေကြ
အခုတော့ ကိုယ့်ကိုယ်ကို အချိန်ပေးချင်တာကြောင် အိုမားဇွတ်ခေါ်နေတဲ့ကြားကပင် အတင်းငြင်းပြီးနေခဲ့လိုက်တာ
မနက်ကတည်း ဘာမှမဖြည့်တင်းရသေးတဲ့ ဟာတာတာဗိုက်ကြောင့် မီးဖိုခန်းထဲဝင်ကာ
တစ်ခုခုစားဖို့ပြင်ဆင်လိုက်တော့သည်။ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင်နှစ်ချပ်ကိုယူပြီး TVရှေ့မှာထိုင်လိုက်သည်။
ဒီနေ့တော့ဘာမှထွေထွေထူးထူးလုပ်စရာမရှိတာမို့ ဇာတ်ကားကြည့်ရန်သာဆုံးဖြတ်လိုက်သည်။
ချွဲယောန်ဂျွန်ဆိုတဲ့ကောင်ကိုခေါင်းထဲကရအောင်ထုတ်ပစ်ဦးမယ်။
TVကြည့်နေရင်း အီစိမ့်နေတဲ့ခံစားချက်ကြောင့် စားလက်စကိုပေါင်မုန့်ကိုရပ်တန့်ပစ်လိုက်မိသည်။
ထောပတ်သုတ်တာများသွားလို့များလား ?
ခုချိန်ယောန်ဂျွန်ကိုဖုန်းဆက်လိုက်ရင် စားချင်တဲ့မုန့်ကိုချက်ချင်းဝယ်ပြီးရောက်လာမယ်ထင်တယ်။
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....