အိမ်ပြန်ရောက်တော့ ရေချိုးအဝတ်စားလဲကာ လေးလံနေသော ခန္ဓာကိုယ်တစ်ခုလုံးကိုအိပ်ယာပေါ်ပစ်လှဲလိုက်သည်။
ဒီနေ့ ဘောမ်ဂယူတော်တော်အာရုံနောက်ခဲ့ရသည်မဟုတ်လား...
ရုတ်တရက်ကြီးပြောင်းလဲသွားသည့်ကောင်က ဘာတွေကြံစည်နေပြန်တယ်မသိ
ဒီကောင်နဲ့ကဘယ်နှစ်ဘဝကရန်ကြွေးလဲ
ဘောမ်ဂယူကိုယ်တိုင်မသိတော့ဟူးးး
သက်ပြင်းရှည်ကြီးချကာ အိပ်ယာပေါ်မှထပြီး ငယ်ငယ်က ကစားစရာတွေသိမ်းထားသည့်ဗီရိုလေးနားသို့သွားလိုက်သည်။
ထိုနောက် ထိုဗီရိုလေးထဲမှ ဘောမ်ဂယူငယ်ငယ်တုန်းက အာပါး LAကပြန်လာတုန်းက လက်ဆောင်ဝယ်လာတဲ့ ကားလေးကိုထုတ်ကြည့်လိုက်မိသည်။
ထိုကားလေးရဲ့ ရှေ့ပိုင်းမှာ အနည်းငယ်ပိန်လို့
မီးသီးလေးတစ်ဖက်ပင်ပြုတ်လို့နေပြီဖြစ်သည်။ကားလေးဒီလိုဖြစ်သွားရတဲ့အကြောင်းအရင်း တစ်ခြားသူတော့မဟုတ် ချွဲယောန်ဂျွန်ပင်
ငယ်ငယ်ကတည်းက မိဘများခင်မင်သလို ဘောမ်ဂယူ ထယ်ဟျွန်း ပြီးတော့ ယောန်ဂျွန်တို့က ကစားဖော်ကစားဖက်တွေသာဖြစ်သည်။
ငယ်ငယ်ကတည်း အသေရန်ဖြစ်ကြပေမယ့်
ယောန်ဂျွန်ကပဲ ဘောမ်ဂယူကိုအလျှော့ပေးနေကျသို့သော်ထိုနေ့က ဘောမ်ဂယူကားလေးကိုဆော့ချင်တာရော ကလေးဆိုတော့ကြွားချင်စောနဲ့ပါ ထုတ်လာခဲ့မိသည်။
" ဟေ့ကောင်တွေ ငါ့အာပါး ဝယ်ပေးတဲ့ကား လှတယ်မို့လား ?"
ဘောမ်ဂယူလက်ထဲက ကားလေးကိုမြင်တော့ သဲတွေနဲ့ကုန်းဆော့နေတဲ့ ယောန်ဂျွန်ရော ထယ်ဟျွန်းပါ မော့ကြည့်ကာ မျက်လုံးများဗလင်းဗလင်း ဖြစ်လို့သွားကြ၏။
"ငါကိုင်ကြည့်ချင်တယ် "
ယောန်ဂျွန်ဆီက အသံလေးဦးစွာထွက်လာ၏။
ဂန်ထယ်ဟျွန်းတို့ကတော့ ဆော့ချင်ပေမယ့် ဆရာကြီးစတိုင်နဲ့ အထာကိုင်တုန်း
"No, ငါ့အာပါးဝယ်ပေးတာ ....ငါပဲကိုင်မယ်"
"ဘောမ်ဂယူကလည်း ခဏပြပါဆို"
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....