နေပူကျဲကျဲကွင်းပြင်မှာ ဂေါက်ရိုက်သံတွေတခွပ်ခွပ်မြည်လို့နေ၏။
ဒီနေ့ အာပါးမွေးနေ့အထိန်းအမှတ်ဟုဆိုကာ ခါအီဟျောင်းတို့ပိုင်တဲ့ဂေါက်ကွင်းမှာ မိသားစုတွေအားလုံးစုံကာအချိန်ကုန်နေကြခြင်းဖြစ်သည်။
ဘောမ်ဂယူတစ်ယောက်ကတော့ပျင်းတာမှလိမ်ထွက်ရုံတင်မက အရည်ပင်ပျော်ကျတော့မည်။
ဂေါက်ရိုက်ဖို့မပြောနဲ့ ဂေါက်တံတောင်မကိုင်တတ်တဲ့ ဘောမ်ဂယူအတွက် ဂေါက်ကွင်းဆိုတာက ပျင်းစရာနေရာတစ်ခုသာ
သူငယ်ချင်းဆိုသည့်ကောင်ကလည်း သူဘဲနားကမခွာ ပါးစပ်ကပေါက်ပန်းလေးဆယ်အော်ပြီး ခါအီးဟျောင်းအား အားပေးနေသည်မှာအမြင်ကတ်စရာ
ဟွန့်!...သူငယ်ချင်းလေးတစ်ယောက်တည်းဖြစ်နေတာကိုအနားလာပြီး အဖော်လုပ်ပေးမယ်မရှိဘူး တကယ်ဂန်ထယ်ဟျွန်းကလွယ်ကူမနေတာ
ဘေးနားက ခိုင်အီဟျောင်းမှာလည်းသူဟာလေးကိုကြည့်ပြီးတပြုံးပြုံး ဒီဝူခုံးကောင်ကိုဘာကြည့်ပြီးအဲ့လောက်ချစ်ရတယ်မသိ
"ကိုယ်ထိုင်မယ်နော်"
အသံလာရာကိုကြည့်လိုက်တော့ ကျောင်းတော်ကရန်သူကြီး ချွဲယောန်ဂျွန်
ဟုတ်သားပဲ ဘောမ်ဂယူမေ့နေတာ မိသားစုအားလုံးစုံပြီဆိုမှတော့ဒီကောင်လည်းပါတာပေါ့ မိဘချင်းတွေသာသွေးသောက်ဖြစ်ကြပေမယ့် ဒီကောင်နဲ့သူကတော့ ဘာရန်ကြွေးကြောင့်ရယ်မသိ မျက်နှာချင်းဆိုင်၍ကိုမရ
"ဘေးနားမှာခုံတွေအများကြီးရှိတာပဲ ငါနားမှထိုင်စရာရှိတာလား?"
ဘောမ်ဂယူရဲ့အမေးကို ယောန်ဂျွန်ခေါင်းငြိမ့်ကာ ခပ်ပြုံးပြုံးဖြင့်
"အင်း...babyနားမှာပဲထိုင်ချင်လို့"
ယောန်ဂျွန်စကားကြောင့် ဘောမ်ဂယူမျက်နှာရေနွေးဖြင့်ပတ်ခံလိုက်ရသလိုပူသွားရကာ နားရွက်ဖျားတို့ပါရဲ့လာရ၏။
ဒီကောင်စကားကို....!
နေပါဦးငါကရောဘာလို့အဲ့လောက်ရှက်နေရတာလဲ...မဟုတ်လောက်ပါဘူး ရှက်တာမဟုတ်ဘူး ရာသီဥတုပူလို့
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....