ကျောင်းဆင်းနေပြီဖြစ်သော်လည်း ဘောမ်ဂယူအိမ်မပြန်သေးပဲ ဘတ်စကတ်ဘောကွင်းထဲတွင်အချိန်ဖြုန်းနေမိသည်။
ပျင်းပါတယ်ဆိုနေ ဂန်ထယ်ဟျွန်းဆိုတဲ့ကောင်ကလည်း နေ့လည်အတန်းဆင်းပြီးကတည်းက ဘဲနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေရဲ့
အမှန်တိုင်းပြောရရင်တော့ ချွဲဘောမ်ဂယူတို့တကယ်ကိုဘက်ပဲ့နေတာပင်
"ဘောမ်ဂယူ မပြန်သေးဘူးလား...ဒီညဂျေးတို့ကောင်တွေနဲ့night outမှာဆို"
ဆောင်ဟွန်းအမေးကို ဘောမ်ဂယူစိတ်ပျက်လက်ပျက်ခေါင်းခါပြမိသည်
"အိုမားပေါ့ကွာ...ဟိုနေ့က ကားပြိုင်တာကိုမကျေနပ်လို့ ညထွက်ခွင့်ပိတ်ထားတာကွ...ဟိုကောင် ဂန်ထယ်ဟျွန်းလာခေါ်ရင်ထည့်ပေးဦးမှာ....အခုအဲ့ကောင်ကလည်း သူ့ဘဲနားကမခွာဘူး"
တကယ်လည်းဟုတ်သည် ဆိုးတူကောင်းဘက်သူငယ်ချင်လေးက ရည်းစားရသွားတော့ တကယ်အထီးကျန်တာ
"ပျင်းလိုက်တာကွာ ဘာလုပ်ရမှန်းလဲမသိတော့ပါဘူး"
"ဒါဆို ကိုယ်နဲ့ပြိုင်ကြမလား Baby"
နောက်ကကြားလိုက်ရသည့် စကားသံကြောင့်ဆောင်ဟွန်းရော ဂယူပါလှည့်မိလိုက်သည်။
"မင်းပါးစပ်ကို ဆင်ခြင်လို့ငါပြောထားတယ်လေ ချွဲယောန်ဂျွန်!"
"ဟိုး...စိတ်လျော့လေဘေဘီရဲ့...ပြိုင်ပွဲကလောင်းကြေးအတွက်Babyပဲကြိုက်တာတောင်းဆို...ယောင်္ကျားကတိလေ"
တောက်!
တောက်ပြင်းပြင်းတစ်ချက်ခေါက်ကာ ဆွဲထားသည့်ကော်လာစကိုလွှတ်ပေးလိုက်ရင်း လွယ်အိတ်ကိုယူကာ ထိုနေရာမှထွက်သွားဖို့ပြင်လိုက်၏။
"ထွက်ပြေးတာလား"
"ဘာ!"
"ကိုယ့်ကိုရှောင်ပြေးတယ်ပေါ့...ဘေဘီကရှုံးမှာကြောက်တာလား...ဟမ်!"
"မင်းကိုရှုံးမှာကြောက်နေရင်...အရင်ကတည်းကပြိုင်ပွဲတွေဆိုတာဖြစ်မလာဘူး"
ပြန်စွာနေတဲ့ကောင်လေးကိုကြည့်ရင်း ယောန်ဂျွန်သဘောတကျခိုးရယ်မိသည်။
YOU ARE READING
LOVE FIGHT
Short Storyချွဲယောန်ဂျွန်ဆိုတာ အမြဲတမ်းငါ့ရဲ့ပြိုင်ဘက်ပဲ သူ့ကိုငါအမြဲနိုင်ရမယ်....