Love Fight -8

136 21 11
                                    

အချိန်အားဖြင့်နှစ်ပတ်ကြာသွားပြီဖြစ်သော်ငြား ချွဲယောန်ဂျွန်တစ်ယောက် မျက်စိရှေ့ကို အရိပ်မျှပင်ပေါ်မလာခဲ့တော့ချေ။

အရာအားလုံးအဆင်ပြေသွားပြီလို့ စိတ်ထားလိုက်ပေမယ့် ရင်ဘတ်ထဲကတော့တကယ်ကိုအဆင်ပြေ‌မနေတာ

အနားမှာအမြဲလိုလိုလိုက်ကပ်နေတဲ့ လူတစ်ယောက်ဘေးနားကနေ ရုတ်တရက်ပျောက်သွားတာက သူ့အတွက်နေသားမကျ!

ဟာတာတာရင်မှာကျန်တယ်ဆိုတာဒါမျိုးကိုပြောတာထင်ပါသည်။

ထိုနည်းတူစွာ လွမ်းသလိုလို ဆွေးသလိုလိုစိတ်တို့က အလုံးအရင်းနဲ့ဝင်ရောက်နှောက်ယှက်ကြသေးသည်မို့ ကြောက်လန့်တကြားဖြစ်ရသည်မှာ ဒီရင်ပိုင်းခဏခဏပင်

ချစ်တာလား !
မုန်းတာလား !
အနားမှာရှိစေချင်လား!
အဝေးမှာနေစေချင်သလား စတဲ့ခံစားချက်တွေကိုဝေခွဲရခက်သည်မို့ ဘောမ်ဂယူတစ်ယောက် အိပ်ပျက်ညတွေများလှပြီ

အခန်းထဲမှာတစ်နေကုန်အောင်းပြီး ဂိမ်းဆော့နေပေမယ့် ဘောမ်ဂယူအာရုံအလုံးစုံကဂိမ်းထဲတွင်ရှိမနေ

သက်ပြင်းမောကိုအရှည်ကြီးချလိုက်မိသည်။

ဒီနေ့တစ်နေကုန် သက်ပြင်းချတဲ့အကြိမ်အရေအတွက်ကရေတွက်လို့ပင်မရတော့

ချစ်ရနိုး မုန်းရနိုးစိတ်တို့လွန်ဆွဲနေသည်ကအတော်ကိုခံရခက်တာပင်

စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကိုနောက်တစ်ကြိမ်ဆွဲဖွပစ်မိသည်။

ချွဲဘောမ်ဂယူ မင်းတကယ်ဘာဖြစ်ချင်နေတာလဲကွာ....

~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေအတန်းချိန်များလွတ်သဖြင့် ဘောမ်ဂယူ စိတ်ပြေလက်ပျောက် ဘတ်စကတ်ဘောကွင်းဘက်သို့ထွက်လာခဲ့လိုက်သည်။

ထယ်ဟျွန်းတစ်ယောက်ကတော့ စာတမ်းကိစ္စတွေနဲ့လုံးပန်းနေရတာမို့ အဖော်အဖြစ်မလိုက်နိုင်တာမို့ ဂျေးတို့ကိုဖုန်းဆက်ပြီးခေါ်ထားလိုက်၏။

ထိုအချိန်မျက်လုံးထဲဝင်လာသည့် စိတ်ရှုပ်စရာမြင်ကွင်းကြောင့်  တက်(တောက်)ခေါက်မိသည်အထိ ဒေါသထွက်သွားရသည်။

LOVE FIGHT Where stories live. Discover now