သူမသည် ခဏလောက်နေပြီးနောက်တွင်
မြူနန်းတော်ထဲသို့ ပြန်၀င်သွားလိုက်သည်။စု၀မ်သည် အရမ်းပင်ပန်းနေခဲ့သည်။
ထပ်ပြီးမလုပ်ချင်တော့ပေ။
ကောင်းကင်ဘုံကုန်းမြေကို သူမပြန်ချင်နေခဲ့ပြီး
တကယ်တမ်းလည်းမပြန်ချင်ပေ။သူမကဆရာ့အတွက် နတ်ဆိုးကုန်းမြေတစ်ခုလုံးကို ဖျက်စီး၍လက်စားချေပေးရအုံးမည်။
ပြန်လည်ရှင်သန်ခြင်းလျှိုဝှက်ချက်အားလည်း
စုံစမ်းရအုံးမည်။သူမပခုံးပေါ်တွင်ရှိနေသည့်တာ၀န်များနှင့်ရင်ထဲမှဒဏ်ရာများသည် နတ်ဆိုးကုန်းမြေကြီးပျက်စီးသွားလျှင်ပင် ကျေနိုင်မည်မဟုတ်ကြောင်းအား
သူမသာသိလေသည်။"ခနလောက် အိပ်ချင်တယ်။ခနလေးပဲဖြစ်ဖြစ်"
သူမက ထိုနေရာတွင်အိပ်ပျော်၍သွားခဲ့သည်။နှစ်လေးဆယ်သည် ကြာမြင့်၍သွားခဲ့လေပြီ။
သူမကတော့နိုးလာခြင်းမရှိသေးပေ။နတ်ဆိုးများက သူမအားလိုက်လံရှာဖွေကာ
ငြိမ်းချမ်းရေးဆွေးနွေးချင်ခဲ့သည်။
သို့သော် သူတို့ဘယ်နေရာမှာမှ သူမအားမတွေ့ခဲ့ပေ။သူမသည် ကုန်းမြေသို့ပြန်သွားပြီဟုလည်း
ကောလသာလများကထွက်နေသည်။
သေသွားသည်ဟူ၍လည်း သတင်းထွက်နေခဲ့သည်။သူမဘယ်ကိုရောက်နေမှန်းကိုတော့ ဘယ်သူမှ
မသိခဲ့ကြပေ။သို့သော်နတ်ဆိုးကုန်းမြေသည် ကောင်းကင်ဘုံကုန်းမြေကို ထပ်မံရန်စရန်မဝံ့မရဲဖြစ်နေကြသည်။
စု၀မ်သည် နိုးထလာခဲ့သည်။
အချိန်ဘယ်လောက်အထိကြာမြင့်သွားမှန်း
သူမမသိပေ။အရမ်းပင်ပန်းလွန်းကာ အိပ်ပျော်သွားခဲ့ခြင်းဖြစ်လေသည်။
အနှစ်လေးဆယ်သည် အချို့အရာများအား
မေ့ပျောက်ရန်လွယ်ကူပုံရသည်။ကောင်းကင်ကုန်းမြေတွင် အစည်းအဝေးပွဲတစ်ခုအား ယန်မိသားစုက ဦးဆောင်ကာကျင်းပနေ သည်။
အကြောင်းအရင်းသည် နတ်ဆိုးများအားသတ်ဖြတ်ရန်အတွက် ပါရမီရှင်များပေါ်ထွန်းလာရန်ခေါင်းစဉ်ဖြစ်ပြီး တကယ်တမ်းတွင်
ကျန်ရှိနေသည့် သေမျိုးနတ်ဘုရားတစ်ပါး၏
ခန္ဓာကိုယ်အား အမဲဖျက်ရန်ဖြစ်လေသည်။
YOU ARE READING
ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)
Fantasyလီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️