ကျန်းချန်သည် သူမ၏လက်ကလေးအားတွဲရင်း
ထောင်စုနှစ်ပြည့်ပွဲအား အတူလျှောက်ကြည့်နေခဲ့သည်။ယနေ့သည် နတ်ဘုရားလီစု၀မ်၏နတ်ဘုရားဘုံတက်လှမ်းခြင်းထောင်စုနှစ်ပြည့်ပွဲဖြစ်သည်။
နှစ်တစ်သန်းပြည့်တိုင်း တစ်ဂဏန်းပေါင်းထည့်ခြင်းဖြင့် နှစ်တစ်ထရေရီယံကြာပြီးနောက်
ထောင်စုနှစ်ပြည့်ပွဲဖြစ်ပေါ်လို့လာခဲ့လေသည်။သူမကတော့ အားလုံးအား အသစ်အဆန်းဖြစ်နေတုန်းပင်။
ပွဲတော်တွင် ရုပ်ထုကြီး ကိုးခုသည် နေရာတွင်ရှိနေခဲ့ပြီး သူတို့၏သမိုင်းကြောင်းများကိုလည်း
အောက်ခြေတွင် ရေးထိုးထားသည်။ထိုလူများက ဒီနေ့ခေတ်ကြီးကိုဖြစ်ပေါ်လာအောင် စတင်ဖန်တီးခဲ့သူများအဖြစ်နာမည်ကြီးသည့် ခေါင်းဆောင်ကိုးဦးဖြစ်လေသည်။
ပထမဆုံးတစ်ယောက်သည် ကပ်ဘေးအရှင်ကျန်းချန်၏ရုပ်ထုဖြစ်ပြီး အောက်တွင် ထိုလူ၏ သမိုင်းကြောင်းအား ရေးသားထားသည်။
ဒုတိယရုပ်ထုမှာ သူမလီစု၀မ်ဖြစ်သည်။
တတိယရုပ်ထုမှာ ရှောင်ချို၏ရုပ်ထုဖြစ်ပြီး
နတ်ဘုရားကျားဖြူကြီးနတ်ဘုရားဘုံကို
တက်လှမ်းနေသည့်အသွင် ဖော်ဆောင်ထားသည်။စတုတ္ထရုပ်ထုမှာ လင်းရှန်းဖြစ်ပြီး မိစ္ဆာမျိုးနွယ် ၏အရှင်မဖြစ်ကြောင်း ဖော်ပြထားသည်။
ပဉ္ဓမရုပ်ထုမှာ ထန်ချန်ကျင်း၏ရုပ်ထုဖြစ်သည်။
ဆဌမရုပ်ထုမှာ ၀မ်ရန် ဖြစ်ပြီး သတ္တမရုပ်ထု သည်တော့ ရှုယန်ဖြစ်သည်။
အဌမရုပ်ထုသည် ကျင်းဟွမ်ဖြစ်ပြီး သူသည်
နတ်ဆိုးခန္ဓာကျင့်စဉ်အား ရေးသားခဲ့သူဖြစ်ပြီး
ယနေ့ခေတ်တွင် ခန္ဓာလမ်းစဉ်ကိုစတင်သည့်လူတိုင်းက သူ၏ကျင့်စဉ် ပထမပိုင်းကိုမဖြစ်မနေသင်ကြားကြရသည်။န၀မရုပ်ထုမှာတော့ လင်းဒေါင်ရှန်ဖြစ်သည်။
သူတို့သည် ကောင်းကင်ကုန်းမြေအား အသစ်တဖန်မွေးဖွားစေခဲ့သည့် လူများဟု လူတိုင်းက
သတ်မှတ်ခဲ့ကြသည်။
YOU ARE READING
ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)
Fantasyလီစု၀မ် အပိုင်း၁၅၅ကနေအဆက်ပါနော် ရှေ့ကဟာတွေကို သာသာaccထဲ၀င်ရှာလိုက်ပါနော်❤️