ကျင့်ကြံခြင်း၏ရည်ရွယ်ချက်

1.2K 97 8
                                    

စု၀မ်၏တောင်လေးသည် လင်းရှန်းပြန်သွားသည်နှင့် ခြောက်ကပ်ကာတိတ်ဆိတ်သွားပြန်သည်။သူမကလွဲ၍တောင်ပေါ်တွင်မည်သည့်အသက်ရှုသံမှမရှိခဲ့ပေ။

တစ်ခါတစ်လေ စကားပြောစရာလူပင်မရှိဘဲ
စကားဘယ်လိုပြောရမလဲကိုပင် ‌မေ့ချင်ချင်ဖြစ်ခဲ့ဖူးသည်။

သူမကအမြဲ ဘယ်တော့မှထလာမယ်မှန်းမသိသည့် သူမဆရာကိုအနှစ်တစ်သိန်းတိုင်တိုင်အဖော်ပြုရင်း စောင့်မျှော်နေခဲ့သည်။

ထို့ကြောင့် လာလာလည်တက်သည့်လင်းရှန်းကို
ကျေးဇူးတင်မိသည်။

လင်းရှန်းကလာတိုင်း အတင်းများ၊သတင်းများကို ပြန်လည်ဖောက်သည်ချတက်သည်။
ထိုအရာက သူမအားအပျင်းပြေစေသည်။

တစ်နေ့တွင် သူမရဲ့နှလုံးသားမဲ့တောင်ကို လူတစ်ယောက်ရောက်ရှိလာခဲ့သည်။

ထိုသူကတော့ ထန်ချန်ကျင်းသာဖြစ်လေသည်။
ထိုသူက တောင်အောက်တွင်ရပ်နေကာ တစ်စုံတစ်ယောက်အား မျှော်ကြည့်နေသည်။

ထိုအချိန်မှာပင် အစီအရင်များသည်လူတစ်ကိုယ်စာပွင့်သွားပြီး အထဲမှအရှင်သခင်သည် လက်ခံတွေ့ဆုံရန်ဆုံးဖြတ်လိုက်ပုံရသည်။

တောင်အပေါ်တွင် မက်မွန်ပန်းများက လှပစွာဖူးပွင့်နေသည်။

ထိုသစ်ပင်များအောက်တွင်လည်းပြည်ပျက်စေမည့် အလှလေးတစ်ယောက်က အေးချမ်းစွာထိုင်နေသည်။

သူမမည်မျှနူးညံသိမ်မွေ့နေပါသော်လည်းနတ်ဆိုးမျိုးနွယ်တစ်ခုလုံးအားအမြစ်ဖြတ်သတ်ဖြတ်ခဲ့သောအော်ရာများကတော့ ရက်စက်စွာကျန်ရှိနေသေးသည်။

အလှတစ်ပါးဖြစ်သော်လည်း ရက်စက်လွန်းသည့်
နတ်ဆိုးအရှင်မလည်းဖြစ်နေသေးသည့် မိန်းကလေးကို မတွေ့ရသည်မှာ နှစ်တစ်သိန်း
၀န်ကျင်ပင်ရှိနေလေပြီ။

‌သူမဆရာအား အမည်မဲ့တောင်မှခေါ်၍စံနန်းတစ်ခုဆောက်လုပ်ခဲ့သည့်နေ့မှစ၍သူမကလောကကြီးနှင့်အဆက်အသွယ်ဖြတ်ခဲ့သည်။

နတ်ဘုရားဘုံသို့တက်လှမ်းရမည့်အစား
ရှင်လျက်နှင့်သေဆုံးရန်သာ သူမရွေးချယ်ခဲ့သည်။

ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)Donde viven las historias. Descúbrelo ahora