ကံတရားသည် ကျီစယ်တက်သည်လော

908 86 5
                                    

နတ်ဆိုးကုန်းမြေသည် သက်ရှိတို့အစား သုတ်သင်ခြင်းခံထားရသောအလောင်းများဖြင့်သာ ပြည်နှက်နေခဲ့သည်။

နတ်ဆိုးကုန်းမြေ၏အရှင်သခင်များနှင့်စစ်သည်တော်အများစုသည် သူမလက်ထဲ၌ပင်သေဆုံးခဲ့ရသည်။

ဂြိုလ်တစ်ခုလုံးသေခြင်းအငွေ့အသက်များဖြင့်ပြည့်နှက်နေပြီး ကျန်နေသည့်နတ်ဆိုးမျိုးနွယ်များသည် အလွန်တုန်လှုပ်နေလေသည်။

စု၀မ်သည် သန်းထောင်ချီနေသည့်နတ်ဆိုးများ၏ အလောင်းများအားဖြတ်နင်းလျှက် သွားနေသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားမအလားပင်။

တိုက်ခိုက်နိုင်စွမ်းအားကင်းမဲ့ကာ အားနည်းသောနတ်ဆိုးများက သူမအားအသက်ရှင်သန်ခွင့်ပေးရန် ငိုယိုတောင်းဆိုနေကြသည်။

သို့သော်သူမသည် သူတို့အားခံစားကင်းမဲ့စွာဖြင့်စိုက်ကြည့်နေသည်။
သူမကလူသတ်စက်တစ်လုံးလိုခံစားချက်ကို
ကိုယ်ပိုင်အဖြစ်ပုံမသွင်းနိုင်သေးပေ။

သူမက အကုန်လုံးကို အစုလိုက်အပုံလိုက်သတ်ပစ်ချင်နေပြီး အသွေးအသားထဲကသတ်ဖြတ်လိုစိတ်များက လျှံထွက်လာသည်။

ထိုအချိန်တွင်ချီလင်နှလုံးသားဆံထိုးလေးက
နောက်တစ်ကြိမ်ထပ်မံ၍ အလင်းရောင်များတောက်ပလာပြန်သည်။

"တစ်ရက်အတွင်း ကုန်းမြေကနေထွက်သွားကြ။
မဟုတ်ရင် မင်းတို့ဘယ်တော့မှထွက်သွားနိုင်မှာမဟုတ်ဘူး"

ပြောပြီးသည်နှင့်သူမက နန်းတော်ထဲသို့၀င်သွားသည်။

အသက်ရှင်ခွင့်ရသွားသည့်နတ်ဆိုးများက
လိုအပ်သည်များကိုထုတ်ပိုးယူငင်ကာ ချက်ခြင်းပင်လှေပျံများကိုသုံး၍ထွက်ခွာသွားကြသည်။

ယခုအချိန်တွင် သူတို့၌မှီခိုစရာမြေရယ်လို့မရှိဘဲ
အာကာသထဲတွင် ကျင်လည်ကျက်စားရတော့မည်။
တစ်နေ့တွင်တော့ သူတို့အတွက်ကောင်းမွန်သည့်
နေရာတစ်ခုကိုရောက်သွားနိုင်လိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့မျိုးနွယ်သည်
ဘယ်သောအခါမှ နတ်ဆိုးကုန်းမြေကိုပြန်လာတော့မည်မဟုတ်ပေ။

ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)Wo Geschichten leben. Entdecke jetzt