ကျင်းဟွမ်နှင့်ဆုံတွေ့ခြင်း

856 74 1
                                    

သူမက ရောက်ရောက်ခြင်း စစ်စခန်း၏ ခေါင်းဆောင်အား နှုတ်ဆက်ရန်လာလိုက်သည်။

သူမက အထဲကိုသွားလိုက်ချိန်၌ အမှန်တကယ်ပင်အံဩသွားရတော့သည်။

အထဲတွင်ထိုင်နေသည့် အမျိုးသမီးမှာ သူမဆရာတို့စုံတွဲနှင့် မိတ်ဆွေဖြစ်သူအက်စတယ်လာဖြစ်လေသည်။

သူမကနတ်သူငယ်‌မျိုးနွယ်၏သူတော်စင်မဖြစ်ပြီး အလွန်တရာမှလှပသူဖြစ်လေသည်။
အနှစ်ဆယ်သန်းကြာသွားသော်လည်း အချိန်သည် သူမကိုသက်ရောက်ခဲ့ဟန်မတူပေ။

"မင်းက ကပ်ဘေးအရှင်ရဲ့တပည့်မလေးကိုး။
တကယ်ကို လှပလွန်းတဲ့ လူသားမိန်းကလေးပဲ"
အက်စတယ်လာက စု၀မ်ကိုကြည့်ရင်းချီးကျူးလိုက်သည်။

စု၀မ်သည် အလွန်လှပလေသည်။ သူမက
ပြစ်မျိုးမှဲ့မထင်သည့် အလှလေးတစ်ယောက်ဖြစ်ပြီး ပါရမီလည်းကောင်းလှပေသည်။

သူမအသက်သာနှစ်တစ်သန်းလောက်ငယ်နေလျှင် ကျိန်းသေပေါက်မနာလိုဖြစ်မိစေမည့်အလှမျိုးဖြစ်လေသည်။

"အရှင်မရဲ့ ချီးကျူးစကားအတွက်ကျေးဇူးတင်ပါတယ်"
သူမက နှိမ့်ချမှုမရှိစွာ ပြောစကားအားလက်ခံလိုက်သည်။

နတ်သူငယ်များက ကိုယ့်ကိုကိုယ်နှိမ့်ချခြင်း၊
ဟန်ဆောင်ခြင်းများကို မနှစ်သက်ပေ။
သူတို့ချီးမွန်းပါက တစ်ဖက်လူကထိုက်တန်လို့သာဖြစ်သည်။

အက်စတယ်လာက ပြုံးလိုက်သည်။

"ငါကြားရသလောက် မင်းက မှော်ဆေးမိစ္ဆာရဲ့
အမွေကိုဆက်ခံရတယ်ဆိုလားပဲ"

စု၀မ်က ထိုအကြောင်းများကိုမျှော်လင့်ထားပြီးသားဖြစ်လေသည်။

သို့သော် သူမပြောသင့်မပြောသင့်ကို ချိန်ဆနေမိသည်။

ပြောရလျှင် အက်စတယ်လာသည် အမှန်သနားစရာဖြစ်လေသည်။
သူမတွင် မျိုးနွယ်ကခိုးထွက်လာပြီးနောက် မျိုးနွယ်မတူသူငယ်ချင်းလေးယောက်ရခဲ့သည်။

တစ်ယောက်က သေဆုံးသွားခဲ့ပြီးနှစ်ယောက်ကတော့ ပျောက်ဆုံးသွားခဲ့သည်။

ထို့ပြင်သူမ၏အချစ်ဇာတ်လမ်းသည်လည်း....
စု၀မ်သက်ပြင်းသာချလိုက်မိသည်။

ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)Tempat cerita menjadi hidup. Temukan sekarang