အချစ်တို့သည်တစ်ခါတစ်ရံ၌လည်း

964 74 6
                                    

ကျန်းချန်က ကောင်မလေး၏ကျောပြင်မှုန်ဝါးဝါးလေးအား ကြည့်နေရင်း နာကျင်စွာပြုံးလိုက်သည်။

"မသိသာပေမဲ့ စု၀မ်က တကယ်ကိုသန်မာတဲ့ကလေးမလေးတစ်ယောက်ပါ။သူမဆရာအတွက်
အချိန်အတော်ကြာနာကျင်သွားနိုင်ပေမဲ့ တစ်နေ့မှာတော့ ချစ်ရသူတစ်ယောက်နဲ့ဘ၀လေးကိုတည်ဆောက်ပြီး ဖြေသိမ့်နိုင်သွားပါလိမ့်မယ်"

ကျန်းချန်က တည်ငြိမ်စွာပြောသော်လည်း သူ၏အသံက အနည်းငယ်အက်ကွဲနေလေသည်။

လန်ကျင်းယွမ်သည် တားမြစ်ထားသောအချစ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။

အချစ်များသည် တစ်ခါတစ်ရံတွင်စစ်မှန်ကြသော်လည်း ကံတရား၏လှိုင်းတံပိုးများအောက်တွင် နှစ်မြှုပ်ပျောက်ကွယ်သွားရလေသည်။

သူမသည် လိပ်နက်မြို့မှာပင် ချန်ကျန်း၏သရုပ်
မှန်အား သိခဲ့သည်။
ကံတရားက တစ်ခါတစ်ရံတွင် လူသားများကိုကျီစားတက်သည့်သဘောကိုလည်း ရှု့မြင်ခဲ့ရသည်။

ဖူးစာမဆုံနိုင်သည့် လူနှစ်ယောက်သည် ဘယ်သောအခါမျှ မဆုံတွေ့ခဲ့သင့်ချေ။

"ကောင်းပြီ သေချာဆုံးဖြတ်ပြီးသွားပြီဆိုတော့လည်း ငါမတားတော့ဘူး"
လန်ကျင်းယွမ်က ပြောသည်။

"ဒါပေမဲ့ တစ်ခုတော့ သိထားပါ။မှတ်ဉာဏ်တွေပျောက်ဆုံးသွားတာက နှလုံးသားထဲကခံစားချက်တွေပျောက်ဆုံးသွားတယ်လို့မဆိုလိုဘူး။
တစ်နေ့မှာ သူမကအရာအားလုံးကို ပြန်သတိရလာလိမ့်မယ်"

လန်ကျင်းယွမ်သည် သူမမသွားမှီ၌ ကျန်းချန်ကို
နောက်ဆုံးအကြိမ်သတိပေးသွားသည်။

လန်ကျင်းယွမ်ထွက်သွားပြီးချိန်တွင် စု၀မ်သည်
ခေါက်ဆွဲနှစ်ပွဲကိုသယ်ကာ ပြန်ရောက်လာသည်။

သူတို့နှစ်ယောက် အတူတူခေါက်ဆွဲစားနေရင်းဖြင့် သူမကပျော်ရွှင်နေလေသည်။

အံချီးခုနှစ်ပါးတွင် ဆရာနှင့်အတူနေထိုင်ခဲ့ချိန်များသည် သူမအတွက် အငြိမ်းချမ်းဆုံးအချိန်များဖြစ်သည်။

သူမက တစ်နေ့တွင်သုံးနပ်ကို အတူစားရန်ပြောသောအခါတွင်လည်းဆရာကသဘောတူခဲ့သည်။
သူမဘာပဲလိုချင်လိုချင် ဆရာကအမြဲဖြစ်အောင်လုပ်ပေးခဲ့သည်။

ကျင့်ကြံခြင်း၏ရည်ရွယ်ချက်(Complete)Donde viven las historias. Descúbrelo ahora