အပိုင်း ၄ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 🇺 +🇿

1.1K 42 11
                                    

Nunew ထွက်သွားတော့ အခန်းထဲတွင် Zee နှင့် Paul တို့နှစ်ယောက်ကျန်နေခဲ့သည်၊Zeeက ထိုင်ခုံပေါ်သို့ ထိုင်လိုက်ပီး

"အဲ့ကလေးက တော်"လက်ရဲဇက်ရဲရှိတာပဲ၊သူ့ကြည့်ရတာ တော်"ခရီးရောက်နေပီလို့ထင်နေတာ ဖြစ်မယ်"

Paul, Zeeရဲ့ စကားအသွားအလာကြောင့် တစ်ချက်ပြုံးလိုက်ပီး

"သူနဲ့ဆက်သွယ်နေတဲ့ တစ်ဖက်လူတေကို ကျတော်စုံစမ်းပီးပါပီ၊ကျတော်တို့ရိပ်မိထားသလိုပါပဲ အားလုံးက ဘောစ့်ရဲ့ အကွက်ထဲကို အပိုအလိုမရှိ ၀င်လာကြမှာပါ"

Zee စိတ်ထဲတွင်ပြုံးနေလိုက်ပီးလွန်ခဲ့သောတစ်လသို့ ပြန်တွေးနေမိသည်၊ထိုညကkingအားအပြတ်ရှင်းပီး ည၂နာရီလောက်တွင် ‌Paulဆီမှ ဖုန်းဆက်လာသည်

"Hello boss"

"အင်း Paul ပြော မင်းဘာကိစ္စရှိလို့လဲ"

"Boss ကျတော်ဒီနေ့ king ကိုလက်စသတ်ပီး အိမ်အပြန်မှာ တိုက်ခိုက်ခံရတယ်"

Zee လန့်သွားပီး

"မင်း ဘာဖြစ်သွားသေးလဲ"

"ကျတော်ဘာမှမဖြစ်ပါဘူး Boss၊ဒါမယ့်
တစ်ဖက်ကအကောင်တေနဲ့ တိုက်နေတုန်းမှာ ကောင်လေးတစ်ယောက်က ကျတော့်အစား သေနတ်မှန်သွားတယ်၊အဲ့ဒါနဲ့ ကျတော်သူ့ကို ဆေးကုပေးပြီး သူ့အကြောင်းကို မေးကြည့်တော့ ကျတော့်အဘွားကမွေးစားထားတဲ့မြေးလို့ပြောတယ်၊အဲ့ဒါနဲ့ ကျတော်လဲမသကာ်တာနဲ့ သူ့ကိုအရင်လက်ခံလိုက်ပြီး‌ နောက်တော့ ကျတော်လက်အောက်ငယ်သားတေနဲ့ စုံစမ်းခိုင်းလိုက်တော့ သူက စုံထောက်တစ်ယောက်ဖြစ်နေတယ် Boss "

Zee က Paul ရဲ့ပြောစကားကို ‌ေသချာနားထောင်ပီး

"အဲ့တော့သူက မင်းအဘွားကို အသုံးချပီး ငါတို့ဆီ၀င်လာတာပေါ့၊တော်"ဉာဏ်နည်းတာပဲ၊မင်းအဘွားနဲ့မင်းနဲ့မ‌ေသခင်မှာ အဆက်အသွယ်လုပ်ဖြစ်ကြတာကိုတော့ ‌မလေ့လာထားဘူးထင်တယ်"

"ကျတော့်မှာဒီကိစ္စနဲ့ပတ်သက်ပီး အရေးကြီးတာတစ်ခုရှာတွေ့ထားပါတယ်"

"ဘာများလဲ"

"သူ့ကို အမိန့်ပေးလိုက်တဲ့ သူက ကျတော်တို့ အသိထဲကပါ..သူက ရဲမှူးကြီး ချလမ် ပါ"

မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကိုWhere stories live. Discover now