အပိုင်း 24 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 🇺 +🇿

388 9 0
                                    

နွန်။ Nunew စီစဉ်ပေးတဲ့ အိမ်ကိုမှ သူကသီးသန့်တစ် ခန်းယူထားရသည်။ကျွန်းပေါ်လောက်ပစ္စည်းမ စုံပေမယ့် လိုအပ်တာတော့ ပါသည်။သူနဲ့အတူ ကျွန်း ပေါ်က အစောင့် တွေထဲက သူလေးယောက်ခန့်ရွေးထုတ် လာခဲ့တာဖြစ်သည်။

ကျွန်းပေါ်ကထက်စာရင် ဒီ ကနေက ပိုပြီးတိုက်ခိုက်ရ လွယ်သလို အန္တာရယ်လည်း များသည်။

အခုလဲ Paul ရှိနေတဲ့ဆပ်ကမ်း ကို သူစောင့်ကြည့်ပေးနေတာ ဖြစ်သည်။

"အကို" အပြင်ဘက်ကခေါ်သံ ကြောင့် သူတံခါးတွန်းဖွင့် လိုက်သည်။

"မုန့်ယူအုံးမလား။ Boss ပို့ ခိုင်းလိုက်လို့"

သူ လျာသပ်ရင်း

"ဘာတွေလဲ"

"ကြက်ကြော် " နွန်ပြုံးရင်း

"ယူခဲ့။ များ်တယ်မဟုတ် လား။မင်းတို့လဲစားပေါ့"

"ဟုတ်ကဲ့" သူ ပြန်လှည့်လာစဉ်

"Paul။ ရောက်လာပြီ။ အကို သတိထားနော်။ ဘာမှ မ ထိခိုက်စေချင်ဘူး".

သူ့ မြင်ကွင်းထဲမှာ ချလမ်ရဲ့ ကားက ဆိပ်ကမ်း ဝန်းအတွင်း ဝင်လာနေပြီလေ။

Paul။ သင်္ဘောပေါ်မှ ချ မယ့် ကွန်တိန်နာများကို သတ်မှတ််နရာတွင်ချပြီး။

၁၈-၁၂၆၈ ရဲ့ပိုင်ရှင်တွေလဲ ရောက်လာမှာမို့ သူ တမင်ကျော်လိုက်သည်။ ကွန်တိန်နာ တစ်ခုချင်းစီ ဂရုတစိုက်ချပြီး အဲ့ဒီကွန်တိန်နာနှစ်လုံးကို

အောက်မှ အစိမ်းရောင်အနူ မြူမီးချောင်းပြရာသို့ သူ ဖြေးဖြေးချင်းချလိုက်သည်။ သူတို့ပြောတာ စစ်ဆေးခွင့် ကင်းလွတ်တဲ့ကုန်စည်တွေတဲ့။

သူ သေချာချသည်။ ကွန်တိန် နာ တစ်လုံးတစ်လုံးရွေ့ဖို့က ၁၅မိနစ်ကြာတယ်။

သူ သတ်မှတ်နေရာ ချအပြီး ကရိန်စပေါ်ကဆင်းလာသည်။

ချလမ်အတွေ့မခံ။ စောစောက နှစ်ယောက်ထဲက တစ်ယောက် သူ့ကိုလက်ဆွဲ သေတ္တာ ပေးသည်။

Paul ခေါင်းညိတ်ရင်း လှမ်း ယူကာ ဖွင့်ကြည့်ပြီး ပြုံးလိုက် သည်။

နောက်သေချာပြန်ပိတ်ကာ နူ တ်ဆက်ပြီးထွက်လာသည်။ သူ နောက်လှည့်ကြည့်ပေ မယ့် အနောက်ကခြေသံလုံလုံနဲ့ လိုက်လာသည်။

မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကိုWhere stories live. Discover now