Nunew နွန်ပြောပုံအရ သူဘယ်လောက်ထိ ဒီဂိုဏ်းကို မြတ်နိုးလဲဆိုတာသိရသည်၊ Nunew တစ်စုံတစ်ခုကို နားလည်သဘောပေါက်လိုက်သည်၊Villaက ခုချိန်ထိ အာဏာရှိနေတယ်ဆိုတာ ပိုက်ဆံကြောင့် မဟုပဲ တယောက်အပေါ်တယောက် နားလည်ပေးမှု ၊ကိုယ်ချင်းစာတရားတေကြောင့် ဖြစ်တည်နေတာဖြစ်သည်၊ဒီသစ္စာတရားတေကို သူက အရောင်ဆိုးဖို့ကြိုးစားနေခဲ့တာပဲ
နွန်က ဆက်ပြီး
"ပြီးတော့ P'New ကို အသိပေးစရာရှိသေးတယ်၊ ဒီအကြောင်းကို P'Zee ပြောပြထားလားတော့ မသိဘူးဆိုပေမဲ့ ကျတော် ကတော့ P'New ကို ဘာကိုမှ မဖုံးကွယ်ထားချင်လို့ ..
P'New ကို ခုလိုဖြစ်အောင်လုပ်တာ ရဲမှူးကြီး ချလမ်ပါ"
ဘာ!
Nunew:နွန်..နွန်ခုဘာတေပြောနေတာလဲ..ဘယ်လိုလို့ဖြစ်နိုင်မှာလဲ?
နွန်: P'New မယုံချင်မှန်းသိပါတယ်၊ ဒါမယ့်လဲ ယုံရမယ် ၊ကျတော်ပြောနေတာက အမှန်တေမို့လို့ပဲ၊ ရဲမှူးကြီး ချလမ် က P'Zee နဲ့ P'PAUL ရဲ့ မိဘတေကို သေအောင် လုပ်ခဲ့တဲ့ တရားခံပဲ၊ပြီးတော့ P'New ရဲ့ မိဘတေကိုရောပဲ
Nunew: ငါ့မိဘတေ ..ဟုလား၊ငါ့ ..ငါ့မိဘတေက ငါငယ်"လေးထဲက ကားအက်ဆီးဒန့်နဲ့ဆုံးသွားတာလေ၊ ဘယ်..ဘယ်လိုလို့ ငါ့မိဘတေက ဒီကိစ္စတေထဲ ပါလာတာလဲနွန် ဒီလို ပြောတာ သက်သေကောရှိလို့လား
နွန်: အာ့တာကတော့ P'New ကို စောင့်ရှောက်ထားတဲ့ မွေးစားအဖေကို မေးကြည့်မှရမယ်၊ ကျတော်သိတာကတော့ P'New ရဲ့ မိဘတေက ရဲမှူးကြီးချလမ်ရဲ့ လက်ချက်ကြောင့်ဆိုတာပဲသိတာ
Nunew မျက်နှာအကြီးအကျယ်ပျက်သွားတာကိုတော့ နွန်သိသည်၊ဆက်ပြောနေမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်သည်၊ဒါကြောင့် စကားစဖြတ်ပြီး အပြင်သို့ ထွက်လာခဲ့သည်
Nunew ကတော့ ခုချိန်ထိ နွန်ပြောသွားတာတေက ပုံပြင်တေ၊လှည့်စားနေတာတေလို့ပဲ ထင်နေတုန်းပင်၊
Zee နိုးလာတော့ ကုတင်ပေါ်တွင်ဖြစ်သည်၊ဘေးဘီကို ဝေ့ကြည့်တော့ Paul ကို တွေ့ရသည်
Paul:Boss နိုးလာပြီလား
Zee: ငါဘာလို့ဒီရောက်နေတာလဲ..Nu ..Nu အခြေအနေဘယ်လိုလဲ၊အဆင်ပြေရဲ့လား၊ ငါတွေ့လိုက်တာက Nu ဗိုက်မှာသွေးတေ..
YOU ARE READING
မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကို
Fanfictionနိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ်တဲ့ villa ဂိုဏ်းရဲ့ တည်ထောင်သူ _Zee ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုယူပီး သူလျှိူအဖြစ် ဟန်ဆောင်ရ...