ကွန်ဒို ရောက်တော့ Nunew ကားပေါ်ကဆင်းလိုက်သည်။ သူလမ်းလျှောက်တက်လာ ပြီး ပထမထပ်ရှိလုံခြုံရေးရုံးခန်းကိုာသူ ဝင်လာသည်။
သူ့ကိုမြင်တော့ပြာပြာသလဲ။
"အကို ဘာ…ဘာကူညီပေးရ.." Nunew က CCTV တည်ေ နရာတွေကို တချက်သာလှည့် ကြည့်ပြီး
"ကျွန်တော့်အခန်း ရှေ့က CCTV က ဘယ်တစ်လုံးလဲ" ဆိုတော့ တာဝန်ခံက
စာရင်းပြန်ကြည့်သည်။ နောက်
"ဖြုတ်ထားပြီးပါပြီ။ ဒီမှာ ကြည့်ပါ အကို။ ဒါက ကားပါကင်။ ဒါက ပထမထပ်အတွက် ။ တခြားတွေက သူ့အထပ်နဲ့ သူ။ အကို့ရဲ့ အထပ်ကိုတော့ emergency Stair m CCTV ဖြတ်ထားပါတယ်"
စာရင်းထဲမှာဟုတ်တယ်။ အပြင်မှာကရှိနေသေးတာ လေ။ တခြားသူမတွေ့ဘဲ 'သူ' သာမြင်လိုက်တဲ့ကားပါကင်က Zee။ အရမ်းမြန်ပါတယ်။
"ဒါဆို CCTV ကင်မရာကို ဘယ်အချိန်တွေမှာစစ်လဲ။ "
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
"ည၁၂ နောက်ပိုင်းဆို စစ်ပါ တယ်" ဆိုတော့
"အင်းအင်း။အဲ့တာသိချင်လို့"
"ဟုတ်ကဲ့" Nunew စက်ထား တဲ့စာပွဲအောက်တွင် ၁လက်မ အရွယ် ဒက်ပ်တာ။ တစ်လုံး ကပ်ခဲ့နိုင်လိုက်သည်။
နောက် ထိုအခန်းထဲကထွက် လာပြီး အခန်းတစ်ခန်းစီရဲ့ သီးသန့် ဓါတ်လှေကားထဲ အဝင် သူ့ကို စောင့်နေတဲ့ Zee။လက်ပိုက်ပြီးနံရံကိုမှီပြီးရပ်နေ တာပင်။ Nunew သက်ပြင်းချ လိုက်ပြီး
"ခင်ဗျားကြီး လူတွေကိုဆက်သွယ် လိုက်တော့ ကျွန်တော် ခင်ဗျားကြီးပေးတဲ့ စက် တပ်ခဲ့ပြီ".
Zee ပြုံးပြီးသူ့လက်ကို လှမ်းဆွဲလိုက်သည်။ ရင်ခွင်ထဲ ထွေးပိုက်ထားရင်း
"Nu က ကိုယ့်ကိုကတိပေးခဲ့ တာ တကယ်တည်တယ်"
Nunew နားရွက်ဖျားကနီရဲလာသည်။ အဲ့ညက သူကတိ ပေးခဲ့တယ်။
ကူညီခွင့်ပြုပါ။ အတူတူရှိနေ ပေးမယ်ဆိုတာ။ ထို့ကြောင့် Nunew ထွက်သွားသည်ကို သူ ခွင့်ပြုခဲ့တာပင်။
"CCTV ရှိတယ်နော်"
Zee ကသူ့ကိုမလွတ်ပေး ဘဲ။"Nuစက်တပ်ခဲ့ပြီ မဟုတ် လား။ ဒါဆို အဲ့ကတည်းက မောနီတာမှာ ဘာတွေပေါ်လဲ မ ကြည့်ခဲ့ဘူး။မဟူတ်လား"
YOU ARE READING
မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကို
Fanfictionနိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ်တဲ့ villa ဂိုဏ်းရဲ့ တည်ထောင်သူ _Zee ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုယူပီး သူလျှိူအဖြစ် ဟန်ဆောင်ရ...