အပိုင်း 20 (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 🇺 +🇿

398 12 2
                                    

Paul မှောင်ခိုဈေးကနေ လိုင်စင်မဲ့ ကားတစ်စီးအမြန် ဝယ်လိုက်သည်။ လိုင်စင်ကား ဖြစ်အောင် တစ်ညတည်းအပြီးလုပ်နိုင်တဲ့ လူတွေရှိတယ်။

မတန်တဆဈေးဆိုရင်တောင် သူတို့အတွက် မမှုပါ။ မနက်3:ဝဝကျော်တွင် သူ့လက်ထဲကို ကားလိုင်စင် နဲ့owner book ကိုလာရောက် ပို့ပေးသည်။

ပထမဆုံးတော့ ကားကို ဘုရား ကျောင်းဘေးက အိမ်မှာခွင့် တောင်းပြီးထားခဲ့သည်။ တစ် ရက်က အဲ့လိုပဲအချိန်ကုန် သည်။

"Paul ငါသက်သာနေပြီ။ ဒီညတော့ငါလဲ လိုက်မယ်"

"Boss နားတာပိုအဆင်ပြေမယ် ထင်တယ်" Zee က ပုခုံးက ဒဏ်ရာကို လက်နဲ့ဖွဖွပုတ်ရင်း

"ငါ သေနတ်မကိုင်နိုင်သေး ပေမယ့် ဟိုဟိုဒီဒီ ကိုတော့ သွားနိုင်သေးတယ်။"

Paul က သူ့ ပုခုံးကဒဏ်ရာ ကိုကြည့်ပေးဖို့ကြယ်သီးဖြုတ် လာတော့ Zee တားလိုက် သည်။ Paul နဲ့ကအနီးကပ် အနေအထား။

Zee က

"ဒဏ်ရာ သက်သာနေပြီ"

Paul က ခေါင်းညိတ်ရင်း

"ကြည့်မှသိမှာပေါ့။ ဒါနဲ့ ဘာလို့ တားတာလဲ။ ကျတော် Boss ကိုဘာမှ မ လုပ်ပါဘူး"

ဆိုတာ။အဓိပ္ပာယ်အမျိုးမျိုးရှိ တယ်။ Zee က ရယ်ရင်း

"မင်း ဘာတွေတွေးနေတာလဲ။ ငါ ပြောတာက.." Paul ကလဲ

"Boss ကကော ဘာတွေးနေလို့ ကျတော့်ကိုတားတာလဲ။Boss  အဝတ်မပါ တာ ကျတော်မြင်ဖူးနေကျပဲကို"

Zee မျက်နှာ နည်းနည်းေ တာ့အရောင်ပြောင်းလာသည်။ Paul ကကြယ်သီးဖြုတ်ချရင်း ပုခုံး မှဒဏ်ရာကိုပတ်တီးဖြည် ကြည့်သည်။

Zee ရဲ့ ပြည့်တင်းနေတဲ့ အသားစိုင်နဲ့။ အရစ်လိုက် ကြွက်သားတွေတက်နေတဲ့ အဆီကင်းမဲ့တဲ့ဝမ်းဗိုက်

(သရေကျတော်မူခန်း🤤)

ဖြူဥနေတဲ့အသားအရေက ကြွက်သားတွေကြောင့်တင်းရင်းနေသည်။

"အင်း။အဆင်ပြေနေပါပြီ။ သေချာရဲ့လား။ လက်က လှု တ်လို့ကော ရရဲ့လား" Zee မသိမသာ အဝတ်ဆွဲတင် ပေမယ့်Paul ကြောင့် သူ မ အောင်မြင်။

"အမ်...အင်း။ ရပြီ။ သက်သာ နေပြီ" Paul သူ့ကို ဆေး အသစ်လဲပေးသည်။ သူ့ အပေါ်အရမ်းဂရုစိုက် တယ်။ အစစအရာရာ

မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကိုWhere stories live. Discover now