ဒိုင်း..ဒိုင်း
လူသူကင်းမဲ့သော အဆောက်အအုံ တစ်ခုမှအသံဖြစ်သည်၊Nunew လက်မောင်းနှစ်ဖက်ကို ဆန့်တန်းထားပြီး ပစ်မှတ်ကိုချိန်ရွယ်လိုက်ကာ
မောင်းကို ဆွဲတင်လိုက်ပီးသည်နှင့်ဒိုင်း..ဒိုင်း
ရှေ့တွင်ရှိသော ဘုတ်ပြားနှစ်ချက်မှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျသွားသည်၊
Paul လက်ခုပ်ကို ကျယ်လောင်စွာတီးလိုက်ပီး"Wow..တစ်လအတွင်း မင်းအများကြီး တိုးတက်လာတာပဲ"
"မမြှောက်ပါနဲ့ အကိုPaul, ကျတော်ခုချိန်ထိမရဲသေးပါဘူး"
"နောက်တော့လဲ အဆင်ပြေသွားမှာပါ၊ခုတော့အရမ်းဖိအားပေးပြီး
မလေ့ကျင့်နဲ့အုံး"တီ~~တီ<ဖုန်းမြည်သံ>
"အကို ဖုန်းပြောလိုက်အုံးမယ်"
"ဟု အကို"
"ဟုကဲ့ ပြောပါ boss"
"Paul ငါသန်ဘက်ခါ ဆာရာဘူရီကို ရောက်မယ်၊လမ်းကြောင်းအဆင်သင့်လုပ်ထားပါ"
"Yes boss"
"အာ့ဆို ဆာရာဘူရီမှာ တွေ့ကြမယ်"
"Yes boss"
တီ---
"Nong(ညီ) အကိုတို့ ဒီနေ့လေယာဉ်နဲ့ ဆာရာဘူရီကို မနက်ဖြန်ရောက်အောင်သွားရမယ်"
"ရုတ်တရက်ပါလား အကို ဘာဖြစ်လို့လဲ"
"အကိုတို့မှာ အရေးတကြီးအလုပ်ေပါ်လာပီ ကဲပါ လမ်းမှာ အကို ရှင်းပြပေးမှာမို့ ခုပြင်စရာရှိတာတေ ပြင်တော့ Nong"
"ဟု အကို"
*****************************
Nunew တစ်ယောက် Paul အလစ်ကို စောင့်ပီး Toilet ရှိရာဘက်သို့ ထွက်လာခဲ့သည်၊လက်ထဲတွင် ကိုင်ထားသော ဖုန်းမှ နံပါတ်စိမ်းတစ်ခုကို ကြည့်ကာ နှိပ်လိုက်သည်၊တစ်ဖက်မှ ကိုင်လိုက်သည်နှင့်
"ဟယ်လို ဆရာ"
"အေး အကြောင်းထူးပီလား"
"ကျတော်တို့ဒီနေ့ flight နဲ့ ဆာရာဘူရီမြို့ကိုသွားမယ်၊ကြည့်ရတာ ဂွင်ကြီး"တစ်ခုခုရှိမယ့်ပုံပဲ၊အဲ့ဘက်ကို လူအင်အားလွှတ်ပေးလိုက်ပီး အရင်နေရာယူထားလိုက်တာ ပိုကောင်းမယ် ဆရာ"
YOU ARE READING
မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကို
Fanficနိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ်တဲ့ villa ဂိုဏ်းရဲ့ တည်ထောင်သူ _Zee ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုယူပီး သူလျှိူအဖြစ် ဟန်ဆောင်ရ...