ဆိပ်ခံတံတားပေါ် Zeeနဲ့ Paul ခြေချလိုက်သည်။ Paul က ကျောင်းသားလေးတစ် ယောက်လို ကျောပိုးအိတ်သေး သေးလေးလွယ်ထားပေမယ့်။
Zee က ဂီတာအိတ်ကိုကျော တွင်ပိုးလွယ်ထားသည်။ ဆိပ်ကမ်းမြို့ဖြစ်သည်။ ဆိပ်ခံ တံတားအဆုံးတွင်တော့ စစ်ဆေးရေးဂိတ်ရှိသည်။
ကွျန်းပေါ်ကတည်းက နိုင်ငံ ကူးလက်မှတ်။ အတုလုပ်ပြီးသားဆိုတော့။ နယ်စပ်ဖြတ်ကျော်ဖို့ သူတို့ အစစ်ဆေးခံရမည်။
ရှေ့နောက် တန်းစီးပြီး ဂိတ်ကို ဖြတ်ရသည်။ Zee Paul ကို ခေါင်းညိတ်ပြလိုက်သည်။
Zeeအလှည့်ရောက်လာ တော့ မှတ်ပုံတင်စစ်ဆေးသည် Sunglasses နဲ့။
"ဘယ်ကလာတာလဲ" Zeeက
"ကျွန်းပေါ်က အမျိုးတွေဆီ သွားလည်တာပါ။ ကျွန် တော် နဲ့ ညီလေးနဲ့"
"ဘယ်ကျွန်းကလာတာလဲ သေချာပြောပါ" တဲ့။ Zeeက ဖုန်းဖွင့်ပြီး
"Ongyun"
ဆို တော့
"အဲ့လိုကျွန်း က ရှိသေးတာ လား" Zeeက ဖုန်းဖွင့်ပြီး
"ကျွန်တော် Google map နဲ့ သက်သေပြပါမယ်"
ဆိုတော့ အစောင့်ရဲတွေမှ
"ရပါပြီ။ရပါပြီ။ သွားပါ။ သွားပါ။ ဟိုဘက်အခန်းထဲ ဝင်ပြီး ပါလာတဲ့ပစ္စည်းကို အစစ်အဆေးခံလိုက်ပါ"
Zee ပြုံးလိုက်သည်။ Paul ကိုလက်ဆွဲး ပစ္စည်း စစ်ဆေးရေး အခန်းထဲဝင် လိုက်သည်။ Zeeရဲ့ ဂီတာ အိတ်ကိုဖွင့်လိုက်တော့။ စစ်ဆေးရေးမမကပြုံးသည်။
"ဝါသနာပါတာလား။ တီးပြလို့ ရလား" သေပြီပေါ့။Zeeပြုံး လိုက်သည်။ ဘာပြန်ပြောရမလဲ။ Paul က
"ကျွန် တော်တီးတာ။ ကိုကိုကသယ် လာပေးတာဘာဖြစ်လို့လဲဟင်"
"ကြော်ဟုတ်လား။ ဘာမှမ ဟုတိပါဘူး။ ဂီတာတီးတဲ့ ကောင်လေးတွေကို အားကျလို့ပါ"
Zeeက Paul ကိုလှည့်ကြည့် လိုက်သည်။ အားလုံးစစ်ဆေး ပြီးနောက်။ နှစ်ယောက် အတူတူ ဂိတ်ကနေဖြတ်ကျော် လာနိုင်ပြီဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြုံးပြီး
"ကျတော်တို့ လိုင်းကားစီးကြမယ်။ မဟုတ်ရင် သတိထားမိကုန်မယ်"
YOU ARE READING
မာဖီးယားခေါင်းဆောင် နှင့် စုံထောက် ကိုကို
Fanfictionနိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ်တဲ့ villa ဂိုဏ်းရဲ့ တည်ထောင်သူ _Zee ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကိုယူပီး သူလျှိူအဖြစ် ဟန်ဆောင်ရ...