Part 3

321 67 8
                                    

ယူဂျင်းတို့ကျောင်းကဆေးပေးခန်းအပြင်တွင်ရပ်ကာ ပူလွန်းသဖြင့်အနွေးထည်အောက်က hot pack ကိုထုတ်ပြီး အင်္ကျီလည်ပင်းကိုလေဝင်အောင်တဟဟလုပ်ရင်းဂယူဘင်းအလုပ်ရှုပ်နေသည်။
ဒီတစ်ခါလည်းရစ်ခီပေးတဲ့အကြံအတိုင်း လက်ရှည်အပါးနှင့်နေလို့ရသည့်ရာသီဥတုမျိုးမှာ မနေ့ကမိုးမိပြီးဖျားသွားဟန်ဆောင်ရင်း လည်ပင်းပိတ်အင်္ကျီပေါ်ကနေ cardigan တစ်ထပ်၊ leather အင်္ကျီတစ်ထပ်ဝတ်ထားပြီး hot pack လေးတစ်ခုပါပါသေးသည်။
ကျောင်းအပေါက်ဝမှာစောင့်နေတုန်း တခြားသူများကရူးကြောင်ကြောင်အကြည့်နှင့်ကြည့်သွားပေမယ့် သူတွက်ထားတဲ့အတိုင်းယူဂျင်းကတော့နေမကောင်းဘူးလားဆိုပြီးစိတ်ပူတဲ့ပုံစံနဲ့မေးလာခဲ့သည်။
ဖျားချင်ချင်ဖြစ်နေတာကြောင့် ယူဂျင်းကိုအဖျားကူးမယ်ပြောပြီးကားပေါ်ပြန်ကာအမြန်ဆုံးအထူကြီးတွေချွတ်ပစ်ရမည်ဟုတွေးထားသော်လည်း ယူဂျင်းကသူတို့ကျောင်းဆေးပေးခန်းထိခေါ်လာခဲ့သည်။
ယူဂျင်းဆီကစိတ်ပူတဲ့အမူအရာနဲ့ ဂရုစိုက်ခိုင်းတဲ့စကားသံလေးကြားရုံလောက်ဆို ဒီနေ့တစ်ရက်အတွက်သူ့ကျောင်းသူလှည့်ပြန်ဖို့လုံလောက်ပြီလို့တွေးထားပေမယ့် အခုလိုယူဂျင်းကိုယ်တိုင်ဆေးပေးခန်းထိခေါ်လာတော့လည်းအရုပ်ရတဲ့ကလေးဆိုးလေးလိုပျော်ရသေးသည်။ ပူလွန်းလို့ကျောထဲမှာချွေးများဆို့နေသော်လည်း ဒီလိုတစ်ကိုယ်လုံးပူလွန်းနေတာကပဲ သူ့နှဖူးကိုယူဂျင်းစမ်းကြည့်တဲ့အချိန် "ခင်ဗျား အဖျားငွေ့ငွေ့ရှိနေပြီ" ဟုကောက်ချက်ချသွားတာဖြစ်မည်။
တော်လွန်းထက်လွန်းတဲ့ဆေးကျောင်းသားလေးလည်း ရစ်ခီ့ချပေးထားတဲ့
အကွက်ထဲချောချောမွေ့မွေ့ကိုဝင်လာတာပဲ။

"ယူဂျင်း ငါ့ကိုလာကြည့်တာလား"
အပြင်မှာရပ်နေတုန်း ဆေးပေးခန်းထဲကစကားသံကြားတော့ နံရံကနေအတွင်းဘက်ကိုအာရုံစိုက်နားထောင်လိုက်သည်။
"လုပ်ပြန်ပြီ လူကိုမရှိသလို"
"မင်းဟာမင်းအေးဆေးအိပ်နေ"
"အဲ့နှုတ်ခမ်းကိုတထော်ထော်နဲ့ပြောရင် ငါနမ်းမှာလို့ပြောထားတယ်နော်ယူဂျင်း"
တစ်စိတ် ဘယ်လိုကောင်ကသူ့ရဲ့ယူဂျင်းကိုအတင့်ရဲပြီးဒါမျိုးစကားတွေပြောနေတာလဲ။
ဂယူဘင်းတံခါးဆွဲဖွင့်ကာအထဲဝင်ဖို့ရွယ်လိုက်ပြီးမှ ယူဂျင်း၏ ခင်ဗျားအပြင်မှာပဲစောင့်နေ ဆိုတဲ့စကားကိုသတိရကာမဝင်ဖြစ်လိုက်။
"ကျစ် ကပ်မလာနဲ့"
"ခနလေးလေ ယူဂျင်းကလည်းငြိမ်ငြိမ်လေးနေ"
"ဟာ"
ယူဂျင်းရဲ့အသံကြားတော့ ဂယူဘင်းမနေနိုင်ပဲဝုန်းခနဲဝင်သွားပြီး အထဲတွင်ရပ်နေသည့်လူ
နှစ်ယောက်ကြားဝင်ကာယူဂျင်းကိုကာပေးလိုက်သည်။
"ယူဂျင်းကကပ်မလာနဲ့ပြောနေတာကိုနားမပါဘူးလား"
ဂယူဘင်းအပြုအမူကြောင့်ယူဂျင်းရော ထိုလူပါကြောင်တောင်တောင်ဖြစ်သွားသည့်ကြားမှ လိပ်ပြာလေးတစ်ကောင်ကပျံထွက်သွားသည်။
"ငါကဘယ်ကကောင်တုန်းလို့
မနက်တိုင်းငါတို့ယူဂျင်းနားတွေ့နေကျ ကပ်ပါးကောင်ပဲ" ခနကြာမှဘယ်သူမှန်းမသိတဲ့ဆေးပေးခန်းထဲကထိုလူကလည်ပင်းနောက်ဖက်ကိုနှိပ်ကာရယ်ရယ်မောမောပြောလာသည်။
ယူဂျင်းဘက်ကိုလှည့်ကြည့်တော့ဘာမှမဖြစ်သလိုဆေးကတ်ညှပ်နေရာမှ ဂယူဘင်းရဲ့လက်ကိုဆွဲကာအပြင်ဘက်ထွက်လာသည်။

My Beloved Doctor Donde viven las historias. Descúbrelo ahora