"စောင့်ရတာကြာသွားတယ်မလားအစ်ကို" စာမေးပွဲနီးနေတာနဲ့ ကျောင်းသားလေးကိုပုံမှန်အချိန်ထက်မိနစ်နှစ်ဆယ်လောက်ပိုပြီး စာပြလာတာကြောင့် စောင့်နေရတဲ့ဂယူဘင်းကိုသူအားနာမိသည်။ နောက်ပြီးကောင်တာနားမှာတောက်လျှောက်ထိုင်နေရာကနေ အစ်ကိုဟန်ဘင်းနဲ့စကားဝင်ပြောပြီးဆိုင်အပြင်ဘက်ကိုထွက်သွားတာကြောင့်သူ့ကိုစောင့်ရတာစိတ်မရှည်များဖြစ်သွားသလားဆိုပြီးလည်းစိတ်ပူရသေးသည်။
"မဟုတ်တာယူဂျင်းရဲ့ကိုကိုဒီအတိုင်း
အပြင်ခနထွက်လာတာပါ"
"သင်တာကပြီးသွားပြီလား" ယူဂျင်းလက်ထဲကစာအုပ်တွေကိုပြောင်းယူလိုက်ပြီး အရိပ်နားရပ်ထားသည့်သူ့ကားဆီကိုဦးတည်လိုက်သည်။
"ခြေထောက်သတိထားယူဂျင်း"-
"ဘာဖြစ်လို့လဲအစ်ကို" ထိုင်ခုံခါးပါတ်ပတ်ပေးပြီး driver seat မှာသေချာပြန်မထိုင်ပဲ ဘယ်ဘက်လက်နဲ့ယူဂျင်းရဲ့ပါးလေးကိုတယုတယကိုင်နေရင်းမျက်ရည်ဝဲနေတဲ့ဂယူဘင်းကြောင့်ယူဂျင်းမှာအနေရခက်လာသည်။
"ဘာဖြစ်တာလဲလို့" ယူဂျင်းထပ်မေးမှ ဟင့်အင်း ဘာမှမဖြစ်ပါဘူး ဟုဆိုကာယူဂျင်းရဲ့ပုခုံးပေါ်သူ့ခေါင်းလေးမှီတင်ရင်းတစ်ကိုယ်လုံးကိုတင်းတင်းဖက်ထားလိုက်သည်။ဒီအတောအတွင်းသူ့အကြောင်းပြချက်နဲ့သူဆိုပေမယ့်သူတကယ်လွန်သွားခဲ့သည်။ ယူဂျင်းအပေါ်သူအမှားလုပ်မိခဲ့သည်။ မြတ်နိုးလွန်းလို့အမြဲအရိပ်တကြည့်ကြည့်နှင့်စောင့်ကြည့်ခဲ့ရသည့် ဒီကောင်လေးကို သူကိုယ်တိုင်ကြောင့်ပဲငိုအောင်လုပ်ရက်ခဲ့သည်မို့ ငိုနေတဲ့ယူဂျင်းရဲ့ပုံရိပ်လေးမျက်လုံးထဲပြန်မြင်တိုင်းအပြစ်ရှိသလိုခံစားမိလာသည်။
"ကျွန်တော့်ကိုလွမ်းနေခဲ့တယ်မလား"
"မလွမ်းပဲနေပါ့မလား ကလေးလေးရဲ့"
"ဒါနဲ့များလူကိုအကြာကြီးပစ်ထား..."
"ကိုကိုတောင်းပန်ပါတယ်
ကိုကိုကအမှားလုပ်မိသွားတာ"
"ကိုယ့်ကလေးလေးကိုစိတ်မကောင်းဖြစ်အောင်လုပ်မိသွားတာ""အင်း မကောင်းတဲ့လူ" ယူဂျင်းကရင်ဘတ်ကိုထုရင်းပြောလာတော့ ငိုသံလေးနဲ့နာတယ်ဟုပြောကာ ဒီတစ်ခါတွင်တော့ဖက်ပြီးမရပ်မနားငိုနေခဲ့သည့်သူကဂယူဘင်းပင်။