Nearly 4 months ago...
အစ်ကိုဟန်ဘင်းရဲ့ဆိုင်ကို သူနေ့တိုင်းနီးပါး
ဝင်လိုက်ထွက်လိုက်လုပ်နေကျဆိုပေမယ့် ဒီနေ့လောက်တစ်ခါမှပျင်းစရာကောင်းနေတာမျိုးမကြုံဖူးသေး။ အတွင်းဘက်တွင်သူတို့ဝိုင်းအပြင် ဆိုင်ရှေ့ဘက်က လူကြီးဝိုင်း နှစ်ဝိုင်းမျှသာရှိနေသည်။ ဒီရက်မှအစ်ကိုဟန်ဘင်းရဲ့ကဖေးကခါတိုင်းနဲ့မတူခြောက်ကပ်နေသလို သူပျင်းပျင်းရိရိနှင့်ထိုင်နေသည့်တစ်နာရီခွဲလုံးလည်းအာရုံလွှဲဖို့စိတ်ဝင်စားစရာတစ်ခုမျှမတွေ့သေး။"ဂယူဘင်း နည်းနည်းပါးပါးအာရုံစိုက်ဦး" ဘယ်နှကြိမ်မြောက်မှန်းမရေနိုင်တော့တဲ့ရစ်ခီ့ဆီကသတိပေးသံကြောင့် ဂယူဘင်း သက်ပြင်းချကာမျက်လုံးများပင်မှိတ်ချပစ်လိုက်သည်။ နောက်ဆုံးနှစ်စီနီယာတစ်ယောက်အနေနှင့် project တစ်ခုအတွက်တိုင်ပင်နေကြတဲ့အချိန် စိတ်မပါလက်မပါအပြုအမူကပြောစရာဖြစ်နေပေမယ့်လည်း ဂယူဘင်းဂရုစိုက်မနေ။
ပေါင်းသင်းဆက်ဆံရေးဘယ်လောက်ပဲကောင်းကောင်း ခေါင်းမာလွန်းတဲ့ဂျူနီယာတွေနဲ့တူတူ ဒီဆွေးနွေးဝိုင်းမှာဝင်ပါဖို့တစ်စက်ကလေးမျှတောင်စိတ်မဝင်စား။
ကောင်တာဘက်ကိုလှည့်ကြည့်တော့လည်း အစ်ကိုဟန်ဘင်းကအိပ်တောင်ငိုက်နေပြီ။"ကလေးလေး လမ်းကြည့်လျှောက်လေ" မှန်ခြားထားပေမယ့် ဘေးကပ်ရပ်အပြင်ဘက်ကအသံလွင်လွင်လေးကြောင့် ဂယူဘင်းလှည့်ကြည့်မိသည်။ ကလေးအရပ်နှင့်လိုက်အောင်ဒူးထောက်ကိုင်ကာ ကလေးရဲ့လက်မောင်းကိုကိုင်ရင်းဘောင်းဘီခါပေးနေတဲ့ကောင်လေးရဲ့အသံကသူ့အတွက် project meeting ကနေအာရုံလွှဲစရာလေးဖြစ်လာသည်။
"နာသွားသေးလား"
"မနာဘူး"
"ဗျထည့်ပြောရတယ်လေ ကလေးလေးရဲ့"
"မနာပါဘူးဗျ" ဂျစ်ကန်ကန်နှင့်ပြန်ဖြေလာတဲ့ကလေးကို ကောင်လေးပေါက်စကခေါင်းဖွဖွပုတ်ကာလိမ်မာတယ်ဟုပြောပြီး ဆေးအိတ်ဖြစ်ဟန်တူသည့်သူ့ရဲ့အိတ်အမဲလေးကိုငုံ့ရှာနေသည်။
"ရော့" အိတ်ထဲက lollipop လေးကိုထုတ်ပေးလိုက်တော့ တိုက်မိသွားတဲ့ကလေးရဲ့သူငယ်ချင်းဖြစ်ဟန်တူသည့် ကောင်လေးနှစ်ယောက်ပါအနားကပ်လာသည်။"အား ဆေးထိုးအပ်ကြီး" ရောက်လာတဲ့ကလေးတွေအတွက်ပါ ကောင်လေးကသူ့အိတ်ထဲတစ်ဖန်ပြန်ငုံ့ရှာနေရင်း ဆေးထိုးအပ်တွေဆေးတွေမြင်ကာလန့်၍အော်ပြေးသွားကြခြင်းဖြစ်မည်။
ဆိုင်ထဲကနေပါ ဂယူဘင်းသဘောတကျကျနှင့်ရယ်လိုက်မိပြီး ထိုကောင်လေးလျှောက်သွားသည့်ဘက်ကိုလည်းလိုက်ကြည့်နေမိသည်။