"ဟိုကောင်တွေ အောက်ကိုပြန်ဆင်းလာကြစမ်း!"
အော်သံနဲ့အတူ အဖြူနဲ့နက်ပြာ Uniformဝတ်ထားတဲ့ ဆရာတစ်ယောက်က ခြေလှမ်းကြဲကြီးတို့ဖြင့် ပြေးလာသော်ငြား တံတိုင်းပေါ်ကအရိပ်တစ်ခုဟာ ဖျတ်ခနဲခုန်ချသွားလေသည်။
ကျောင်းဝင်းတံတိုင်းကိုကျော်ပြီး ခုန်ဆင်းနေကြပြန်ပြီ!
"ကျန်တဲ့ကောင်တွေ ခုန်ချရဲရင်ခုန်ချကြည့်လိုက်...... မင်းတို့ ငါ့ကိုအခုပဲ စိန်ခေါ်ကြည့်လိုက်"
တံတိုင်းပေါ်ကနှစ်ယောက်ကို လက်ညိုးထိုးပြီးပြောလိုက်တော့ ကိုးယိုးကားယားလေးဖြင့်.....
"ဆ....ဆရာ"
"မင်းဆင်းခဲ့..... မင်းလည်းဆင်းလာ နာမည်နဲ့အတန်းကိုပြော"
"တန်း..... တန်း၃ကပါ ဆရာ"
"မင်းတို့ရှေ့ကခုန်ဆင်းသွားတဲ့တစ်ယောက်ကဘယ်သူလဲ အတန်းအတူတူပဲလား"
ဟန်သစ်မေးလိုက်တော့ ကျောင်းသားနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နှုတ်ဆိတ်နေကြလျက်။
နှစ်ယောက်သား ထုတ်ပြောချင်ပုံမရပေမယ့် သူတို့ရှေ့ကဆရာဖြစ်သူရဲ့အရှိန်အဝါကြောင့် တွန့်ဆုတ်စွာဖြင့် ထုတ်ဖော်ပြောလာခဲ့သည်။
"တန်း၃က Alex"
"ဟုတ်ပြီ သူနဲ့နောက်မှရှင်းမယ်...... မင်းတို့အခု ရုံးခန်းလိုက်ခဲ့"
ရုံးခန်းရောက်ခါနီးတွင် အုန်းမုန့်ခွက်ကေနဲ့တစ်ယောက်က သူ့ကိုကြည့်၍.....
"ဆရာ...... ဟိုလေ ကျွန်တော့်ကိုအပြစ်ဒဏ်ပေးလို့ရပေမယ့် ကျွန်တော့်မိဘကိုမခေါ်လို့ရမလား"
ဟန်သစ် မျက်လုံးများကိုမှေးစင်းပြလိုက်သည်။
"မင်းဘယ်လိုထင်လဲ.....လုပ်ချင်တာလုပ်ပြီးမှ မိဘခေါ်မှာကြောက်နေသေးတာလား"
"အဲ့တာ ကျွန်တော်တို့လုပ်ချင်လို့မဟုတ်ပါဘူး"
"ဟုတ်တယ် ကျွန်တော်တို့ခြိမ်းခြောက်ခံရတာပါဆရာ"
လက်သုံးချောင်းထောင်၍ကျိန်ပြလာတဲ့ ကျောင်းသားနှစ်ယောက်ကြောင့် ဟန်သစ် အာစေးမိသွားလေသည်။