နှစ်လခွဲမျှကြာပြီးနောက် ကျောင်းတိုင်း၏ နွေရာသီပိတ်ရက်ရောက်ရှိလို့လာပြီဖြစ်သည်။
ပြဿနာရှာနိုင်လွန်းသော ပြဿနာအိုးလေး၏ အသက်နှစ်ဆယ်ပြည့်မွေးနေ့လည်း ရောက်ရှိပေတော့မည်။
အသက်နှစ်ဆယ်နဲ့ အထက်တန်းပြီးရတဲ့အကြောင်းရင်းကတော့လား.....။ Alexက အတန်းတင်စာမေးပွဲကို သူစိတ်မပါရင်မပါသလို ဝင်မဖြေတတ်လို့ပါပဲ။
"ဂုဏ်ယူပါတယ် နောက်ဆုံးတော့ မင်းအထက်တန်းအောင်သွားခဲ့ပြီ"
Alexက လက်ခုပ်ဖွဖွတီးဟန်ဆောင်နေတဲ့သူ့ကို မျက်လုံးစွေစောင်းလို့ ကြည့်လာသည်။ ထို့နောက် လက်ညိုးထိုး၍ အော်လာလေသည်။
"မကောင်းတဲ့ချစ်သူရည်းစား!"
"မှန်တယ် ကိုယ်ကမကောင်းဘူး...... ဒါကြောင့် ကောလိပ်မဝင်ခင်စပ်ကြား မင်းအတွက်အချိန်စာရင်းပြုစုထားတယ်"
"မလုပ်နဲ့!"
အချိန်ပြည့်သင်တန်းများနှင့် သူ့ဆီညတိုင်းရောက်လာမည့် လေ့လာရမည့်အချက်အလက်များအကြောင်း တွေးမိတော့ Alexမှာ လေသံကိုပြင်ရသည်။
"ကျွန်တော်ခုနကနောက်လိုက်တာ ခင်ဗျားကအကောင်းဆုံးပဲ ခင်ဗျားရဲ့အိုးရော ခင်ဗျားရဲ့အတွင်းသားတွေရော ခင်ဗျားရဲ့နှုတ်ခမ်းသားတွေရော အရမ်းကောင်းတယ် အခုပဲလုပ်ခွင့်ပေးနိုင်မလား"
"?"
ခါးကိုဖက်၍ ခေါင်းတိုက်ချွဲပြလာသူကို တွန်းထုတ်၍.......
"ဒီမနက်လေးတင်လုပ်လာခဲ့ကြတာလေ"
"တစ်ခါတည်းနဲ့ဘယ်လိုလုပ်အားရမှာလဲ"
Alexမကျေမချမ်းနဲ့ မျက်မှောင်ကြုတ်ပစ်သည်။
ဒီမနက်မှာ ယူနီဖောင်းအပြည့်နဲ့သပ်ရပ်နေတဲ့ ဦးဟန်သစ်ကိုတွေ့တော့ သူစိတ်မထိန်းနိုင်တော့ဘဲ အိပ်ရာပေါ်ဆွဲလှဲကာ တစ်ချီဆွဲခဲ့သည်။
ဒါပေမယ့် ဦးဟန်သစ်က အရမ်းဆိုးဝါးပါသည်။ မာန်မကျသေးတဲ့ သူ့ရဲ့အကောင်နဲ့ သူ့အားခြိမ်းခြောက်လာခဲ့၏။
'ဒီမနက်မင်းဆက်လုပ်တာနဲ့ ဒီညကစပြီး မင်းကိုအခန်းပြင်ကန်ထုတ်ပစ်မယ်'လို့။