ဟန်သစ်၏မျက်ဝန်းများ ဖြည်းညင်းစွာပွင့်လာသည်။ အခန်းဟာလင်းထင်းမှုသိပ်မရှိသော်ငြား သေချာတော့မြင်နေရဆဲ......။
ဘယ်အချိန်ရှိနေပြီလဲ......?
အတွေးနဲ့အတူလှုပ်မိတော့ ခါးအောက်ပိုင်းက ဆစ်ခနဲ။
နာကျင်မှုနဲ့အတူ မှတ်ဉာဏ်များက ပြေးဝင်လာခဲ့၏။ သူ့အပေါ်မှာလှုပ်ယမ်းနေတဲ့ Alex.....၊ ပြီးတော့ ငိုယိုသံများဖြင့် ပေါင်ကိုဖြဲကားပေးနေတဲ့သူ၊ အပိုင်းအစများကိုပြန်လည်ထွေးပိုက်မိသည်နှင့် သူ၏နားရွက်ဟာနီရဲတက်လာ၏။
သူတကယ်ကြီး ဘာတွေလုပ်မိသွားတာလဲ.......။
သူတကယ်ကြီး ဖောက်ပြန်မိသွားခဲ့ပြီ။ သူ့မှာ ကာမပိုင်လင်ယောကျာ်းရှိနေလျက်နှင့်......။
သူ၏ပခုံးကြားတွင် ရိုက်ခတ်နေသောအသက်ရှူသံငွေ့ငွေ့ကို ရရှိသည်။ သူ၏ခါးအား လူငယ်လေး၏လက်က ရစ်ပတ်ထားသည်။
သူ့ခေါင်းကိုမဆိုသလောက်လေးစောင်းလိုက်မိရင်တောင် အနက်ရောင်ဆံသားများနဲ့နားရွက်ကို နမ်းမိသွားမည်ကအမှန်။
ဟန်သစ် ထိုအနေအထားအတိုင်း ငူငူငိုင်ငိုင်ငြိမ်နေသည်မှာ Alexဆိုသောကောင်လေး နိုးမလာခင်အထိပင်။
ကောင်လေး၏မျက်တောင်ရှည်တို့က လှုပ်ခတ်သွားပြီး မျက်ဝန်းများကိုဖွင့်လာကြောင်းကိုတော့ သူ၏လည်ပင်းယားယံမှုကနေတစ်ဆင့် သိရသည်။ ထို့နောက် နှာခေါင်းချွန်သည် သူ၏လည်ဂုတ်ပေါ်နစ်ဝင်သွားပြီး နူးအိတဲ့ခံစားချက်ကိုပေးသောနှုတ်ခမ်းဆီမှ ပြွတ်ခနဲအနမ်းခံလိုက်ရသည်။
ဟန်သစ်ရုန်းကန်လိုက်ပေမယ့် ပိုပြီးတင်းတင်းအဖက်ခံလိုက်ရသည်။
"နိုးတာကြာပြီလား........"
ခေါင်းရင်းထက်မှ Alarmသံသာသာ ဆယ်ချက်အပြင် ကောင်လေး၏ တစ်ရေးနိုးအက်ရှနေသံက နားထဲဝင်လာသည်။
ညဆယ်နာရီထိုးချေပြီ။ သူတို့နေ့လယ်ကစလို့ ဘယ်အချိန်ထိ အရူးအမူးလိုးမိခဲ့ကြသလဲတောင်မသိ။
"အင်း......."
"ခင်ဗျားရဲ့........ အဲ့နေရာက နာနေလား"