"Alex....... ဟိုမှာ မင်းဆရာထင်တယ်"
အင်တာနက်ဂိမ်းဆိုင်မှာ ဂိမ်းထိုင်ဆော့နေတဲ့Alexက စိတ်မဝင်စားစွာမျက်ဆံလှန်ကြည့်လိုက်ပေမယ့် ချက်ချင်းပဲ အမူအယာပြောင်းသွားခဲ့သည်။
သူ့ကိုအသိပေးသူက ဦးဟန်သစ်အား ဘား၌တစ်ခါတွေ့ခဲ့ဖူးသူပင်။
"သွားနှုတ်ဆက်လိုက်ဦးလေ"
Alex ထိုလူနဲ့မထိတွေ့ရတာ ကြာပြီဖြစ်သည်။
ဦးဟန်သစ် အတန်းပြောင်းလာကတည်းက အတန်းမှန်မှန်တက်၍ စာကို ဟန်ဆောင်ပန်ဆောင်လုပ်ရသည်။
စာကတော့ တကယ်လုပ်ချင်နေတာမဟုတ်ဘဲ တစ်ဖက်လူရဲ့ခြိမ်းခြောက်နိုင်စွမ်းရှိသော အကြည့်များကြောင့်သာ။ ဦးဟန်သစ်မျက်စောင်းတစ်ချက်ရောက်လာတာနဲ့ သူခေါင်းငုံ့ကာ စာလိုက်လုပ်ရပေလိမ့်မည်။
ထိုဆရာအပေါ် သူ၏ခံစားချက်များက ရှုပ်ထွေးနေမိသား။ ဦးဟန်သစ်ကဆွဲဆောင်မှုရှိပြီး တစ်ခါပတ်သက်မိလိုက်တာနဲ့ ပြန်လည်ဆုတ်ခွာဖို့ ခက်လာသည်။
အချစ်လို့မပြောနိုင်ပေမယ့် ထိုလူ့အနားမှာနေရတာကို သဘောကျသည်။
ဥပမာ စာသင်နေရင်း မသိမသာ ဂရုစိုက်ခံရတာမျိုး။ ကန်တင်းမှာဟင်းတွေကုန်သွားပြီလို့ လိမ်ဆင်လုပ်ရင် သူလိမ်ပြောမှန်းသိသိကြီးနဲ့ ရုံးခန်းမှာ ထမင်းအတူစားစေတာမျိုး။
Alexမျက်လွှာချရင်း နှုတ်ခမ်းထောင့်တစ်ဖက်က မသိမသာကွေးတက်သွားသည်။
"ငါသွားပြီ"
ဂျက်ကက်ကိုကောက်၍ ဝတ်လိုက်ရင်း မီးခိုရောင်မှန်တံခါးကိုတွန်းကာ အပြင်သို့ထွက်လိုက်သည်။
ဟန်သစ်က Alexကိုကျောပေးကာ ဆိုင်ထဲက နာရီများကိုစေ့စေ့စပ်စပ်လိုက်ကြည့်နေသည်။
နာရီအသစ်ဝယ်ဖို့လား.....။
ဦးဟန်သစ်ပတ်လေ့ရှိတဲ့နာရီက အသစ်အတိုင်းကောင်းနေသေးတာကိုပြန်အမှတ်ရမိတော့ ဆိုးဝါးတဲ့မှတ်ချက်ကိုရလိုက်သည်။
သူ့ယောကျာ်းအတွက်.....?
Alexအတွက်ကတော့ ဖြစ်နိုင်မည်မဟုတ်ချေ။ သူတို့ဆက်ဆံရေးက လက်ဆောင်တွေဘာတွေပေးရသည်အထိ မတိုးတက်သေး။
