စာစဉ်(၃၁) အပိုင်း(၂)

266 7 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၂)

အခန်း(၃၇၁-ခ)သူတို့ကိုသင်ခန်းစာတစ်ခုပေးလိုက်စို့၂)

လူအုပ်ကြီး၏အကြည့်အောက်တွင် သားရဲနှစ်ကောင်မှာ "ဝုတ်" နှင့် "ဝူး" အနည်းငယ် ဖလှယ်ပြီးနောက် ထရပ်ကာ အရှေ့ဘက် တောင်ဆီသို့ ပြေးသွားကြသည်။

လူအားလုံး အံ့အားသင့်သွားကြ၏။

"သူတို့က.... အချင်းချင်း စကားပြောနိုင်တယ်လား" လုချောင် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ဒီကောင်တွေက ဘယ်လိုမကောင်းဆိုးရွားတွေလဲ"

"သူတို့ မရှိတော့ဘူး။ ငါတို့ ထွက်ပြေးကြမလား" စတုတ္ထလေးက အကြံပြုသည်။

သို့သော် သူ၏အသံမဆုံးခင်မှာပင်

"ဝုတ် ဝုတ် ဝုတ်..."

ခဏအကြာတွင် အစောပိုင်းက သူတို့အား ဝိုင်းရံခဲ့သည့် ခွေးများက ပြန်ရောက်လာသည်။

သူတို့ ထွက်ပြေးဖို့ အခွင့်အရေးပင် မရခဲ့ချေ။ သူတို့ ဒီနေရာမှာပဲ သေကြတော့မှာလား။

ထိုအချိန်တွင် ရှေ့ဘက်တောင်ဆီမှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

"ဘန်း ဘန်း ဘန်း"

"ဘုန်း ဒိုင်း..."

"အား..."

"မဟုတ်ဘူး"

"ဘုရားရေ ပြေးကြဟ"

"..."

စက္ကန့်နှစ်ဆယ်ခန့် ပရမ်းပတာဖြစ်သွားသည်။ ထိုနောက် နှစ်မိနှစ်အတွင်း တာဟေးနှင့် ရှောင်ဟေးတို့ တောင် အရှေ့နှင့် အနောက်ဘက်ကို ခေါက်တုံ့ခေါက်ပြန်သွားကာ လူများစွာကို ပြန်ခေါ်လာခဲ့ကြသည်။ လော့ရှန်းနှင့် သူ့လူများ၏ထိတ်လန့်နေသည့် အကြည့်များအောက်တွင် သားရဲနှစ်ကောင်က အသစ်ရောက်လာသူများအားလုံးကို သူတို့ရှေ့ ပစ်ချလိုက်သည်။

"ဝူး ဝူး ဝူး ဝူး..." တာဟေးက လုချောင်နှင့် သူ၏ကြံရာပါများကို လက်ခလယ်ထောင်ပြလိုက်သည်။

"ဟေး ငကြောက်လေး။ မင်းက အကူအညီရှာရဲတာလား။ မင်း ကြိုက်သလောက် ခေါ်စမ်း ငါသူတို့အကုန်လုံးကို ရိုက်ပစ်မယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now