စာစဉ်(၃၇) အပိုင်း(၇)

222 13 0
                                    

[စာစဉ်(၃၇) အပိုင်း(၇)] အခန်း(၄၂၂-ခ)ဟင်းလင်းပြင်ကျောက်တုံးကို လဲလှယ်ရန်(၂)

သူ၏နှလုံးသားမှာ အလွန်အမင်းကို နူးညံ့လာ၏။ ဇီယန်၊ မုန့်မုန့်၊ သူ၏မိသားစုနှင့်အတူ ရိုးရှင်းသည့်ဘဝဖြင့် နေထိုင်ပြီး ကျင့်ကြံခြင်းကိုစွန့်လွှတ်ရန်ပင် သူ တွေးမိသည်။

၎င်းက လုံလောက်ပေသည်။

သူသည် ကိုယ်ချစ်သည့်မိန်းမအတွက်ဖြင့် တိုင်းပြည်တစ်ခုလုံးကို စွန့်လွှတ်ခဲ့သည့် ရှေးခေတ်ရှင်ဘုရင်တစ်ပါးကဲ့သို့ပင်။

သူတို့၏အတွေးများက ဆင်တူ၏။

ကျန်းဟန်လည်း အလွန်စိတ်လှုပ်ရှားခဲ့သည်။ သူမ သူ့အား ထိုသို့လုပ်ပေးကတည်းက သူမအား ဘဝတစ်လျှောက်လုံး စိတ်မပျက်သွားစေရဘူးဟု သူ့ကိုယ်သူ အခိုင်အမာဆုံးဖြတ်ထားခဲ့သည်။

မုန့်မုန့်တစ်ဦးတည်းသာ သူ၏မင်းသမီးလေးမဟုတ်ချေ။ သူမသည်လည်း သူ၏မင်းသမီးတစ်ပါးဖြစ်သည်။

ကျန်းဟန်၏အကြည့်မှ ချစ်ခြင်းမေတ္တာကို ဇီယန် ခံစားမိသည်။ သို့သော် သူမ နှုတ်ခမ်းလေးစူကာ "အဒါ အရမ်းရိုးလွန်းတယ်" ဟု ပြောလိုက်သေး၏။

"ဟားဟားဟား..."

ကျန်းဟန် ရယ်မောလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် ဇီယန်အား စိုက်ကြည့်ရင်း ကတိသစ္စာပြုသလိုမျိုး သူ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကိုယ် ဒီဘဝကို ပြန်ရောက်လာခဲ့တာက... မင်းကို ချစ်ဖို့အတွက်ပဲ...

ကိုယ်မင်းကို ဘယ်တော့မှ စိတ်မပျက်စေရဘူးလို့ ကိုယ်ကတိပေးတယ်"

"ရှင် စာမေးပွဲအောင်သွားပြီ" ဇီယန် ပြုံးလိုက်သည်။

ကျန်းဟန်က ဇီယန်ကိုယ်လုံးပေါက်ကို ဘေးတစောင်းဖိမှီလိုက်ရင်း မေးသည်။ "ဆုမချတော့ဘူးလား"

သူ၏ယောက်ျားဆန်မှုကြောင့် ဇီယန် အနည်းငယ် ယစ်မူးသွားသည်။ သူမ၏မျက်နှာလှလှလေးတွင် ရှက်သွေးဖြာသွားပြီး အောက်နှုတ်ခမ်းကို အသာလေးကိုက်ကာ "ရှင် ဘာဆိုလိုချင်လဲ"

"မနက်ဖြန်ကျ ကိုယ် အနက်ရောင်ဆက်စီစတော်ကင်သွားဝယ်...."

"ဟွန့် အိပ်မက်မက်နေလိုက်။ တော်တော်နှာဘူးထချင်တယ်။ ဒုတိယအိပ်ခန်းကို သွားတော့"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now