စာစဉ်(၃၆) အပိုင်း(၄)

262 11 0
                                    

[စာစဉ်(၃၆) အပိုင်း(၄)] အခန်း(၄၁၂-ဂ) နစ်မြုပ်နေသည့်ရတနာ(၃)

ကျောက်ဖုန်းကတော့ သူတို့အား မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေဆဲဖြစ်၏။

သူသည် အချိန်အတော်ကြာကတည်းက တုန်လှုပ်ထိတ်လန့်သည့်အဆင့်ကို ကျော်ဖြတ်ခဲ့ပြီးသားဖြစ်ပြီး ယခု မြင်ကွင်းက ကျန်းဟန်အပေါ် လေးစားကြည်ညိုမှု ပို၍တိုးစေယုံသာရှိလေသည်။

ငါ့ရဲ့ဆရာက ကျင့်ကြံသူတစ်ယောက်ပဲလေ...

ဆရာက အရမ်းအံ့ဩဖို့ကောင်းတယ်...

ခဏအကြာတွင် ဝမ်မင်သည် ခေါင်းကိုယမ်းကာ ကျန်းဟန်အား အားတင်းပြုံးပြလိုက်၏။ "ဟင်း.... ရှောင်ဟန်" သူ သက်ပြင်းချလိုက်ပြီး "ငါမင်းကို တကယ်ကို လေးစားတယ်။ မင်းက အရမ်းထူးချွန်လွန်းတယ်"

သူသည် သူ၏စိတ်ပိုင်းဆိုင်ရာနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု ပြိုလဲသွားသလို ခံစားလိုက်ရသည်။

ကျန်းဟန်၏အကြောင်းကို ပိုသိလာလေ သူ၏တူအား ပို၍လေးစားမိလာလေဖြစ်သည်။ အစပိုင်းတွင် ဝမ်မိသားစု၏ဒုတိယမျိုးဆက်တွင် ပါရမီရှင်တစ်ယောက်အနေဖြင့် သူ အနည်းငယ် ကျေနပ်နေမိခဲ့သော်လည်း ယခုတော့ သူ့ကိုယ်သူ ရှက်ရွံ့မိသွားသည်။

"ဖေဖေ ဖေဖေ ဒီကိုလာ" မုန့်မုန့်၏ခေါ်သံက အဝေးမှ ထွက်ပေါ်လာသည်။

"ဖေဖေလာပြီ" ကျန်းဟန်သည် ထိုနေရာသို့လှမ်းကြည့်လိုက်ပြီး နူးညံ့စွာပြုံးကာ သမီးဖြစ်သူထံသို့ အမြန်လျှောက်သွားသည်။

"အံ့ဩဖို့ကောင်းလွန်းတယ်" ဝမ်မင်သည် ကျောက်ဖုန်းအား ကြည့်လိုက်ပြီး သက်ပြင်းထပ်ချကာ ကျန်းဟန်နောက်သို့ လိုက်သွားသည်။

ကျန်းဟန်က မုန့်မုန့်ဆီသွားကာ မင်းသမီးလေးနှင့်အတူကစားနေပြီး ဝမ်မင်က ယုံကျားရှင်းဆီသို့ လျှောက်သွားကာ တိုးတိုးလေးပြောသည်။

"အဲဒီသစ်ပင်ကြီးကို ကြည့်လိုက်။ အဲဒါ နတ်အဆင့်ရတနာပဲ နတ်အဆင့်ရတနာ...

အခုလေးတင် ရှောင်ဟန်က ထွတ်မြတ်အဆင့်ရတနာတစ်ခု ထုတ်လာသေးတယ်။ သူ့မှာ ရတနာတွေအများကြီးရှိတယ်...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now