[စာစဉ်(၃၄)အပိုင်း(၁၀)]အခန်း(၃၉၉-က)ငါယွဲ့ဝူဝေကို ရှာနေတာ(၁)
"ဟန် ယန် မင်းတို့ အိမ်ကို ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားကြ။ ဒီမှာ ရက်နည်းနည်းလောက် ပိုနေသွားကြဦး။ မင်းက တို့မျက်စိရှေ့တင် ကြီးပြင်းလာခဲ့တာ။ အခု မင်း လက်ထပ်ပြီးပြီဆိုတော့ တကယ်ကို ဝမ်းသာရတယ်" ယုံကျားရှင်းက ပြုံးကာ ပြောသည်။ "မင်း လက်ထပ်သွားတာကို မသိခဲ့ဘူး။ မုန့်မုန့်လေးတောင် လေးနှစ်ရှိပြီလား"
"သမီးတို့က လက်မထပ်ရသေးပါဘူး" ဇီယန်က အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောသည်။
"ဟမ်" ယုံကျားရှင်း အံ့အားသင့်သွားပြီး "မုန့်မုန့်တောင် အသက်လေးနှစ်ရှိပြီ။ မင်းတို့ ဘာလို့ လက်မထပ်ရသေးတာလဲ"
"ဟုတ်တယ်။ အဲဒါ မင်းမှားတယ် ဟန်။ ဇီယန်က ဒီလောက်ချစ်စရာကောင်းတဲ့ သမီးလေးကို မွေးပေးထားတာ။ မင်း သူကို ချစ်ခင်တန်ဖိုးထားသင့်တယ်။ မင်း သူ့ကို တရားဝင်ဇနီးဖြစ်အောင် အမြန်ဆုံးလက်ထပ်သင့်တယ်" ဝမ်မင်က ပြောသည်။
ကျန်းဟန်က ခေါင်းယမ်းပြီး "ကျွန်တော့်မိဘတွေကို အရင်ရှာပြီး သူတို့ပြန်လာမှ လက်ထပ်ကြမလို့ပါ"
"အဲ့လို ဘယ်ဖြစ်မလဲ" ယုံကျားရှင်းက ကျယ်လောင်စွာ ပြောသည်။ "မင်း... ဟင်း.... ငါ့အမြင်တော့ မင်း အရင်ဆုံး လက်ထပ်ထားတာ ပိုကောင်းမယ်။ မုန့်မုန့်က ကြီးပြင်းလာပြီ။ မင်း ဆက်ပြီး အချိန်မဆွဲသင့်တော့ဘူး။ ဒါက ရယ်စရာမဟုတ်ဘူး"
ယုံကျားရှင်း၏စကားကိုကြားတော့ ကျန်းဟန်က တန်း၍ မေးလိုက်သည်။ " ကျွန်တော့်မိဘတွေအကြောင်း သတင်းတစ်ခုခုကြားထားတာရှိလား"
"ငါ အတိအကျမသိပါဘူး။ ဘယ်အချိန်မှ သူတို့အကြောင်းကြားရမလဲ ဘယ်သူမှမသိဘူး။ မင်း ဒီလိုမျိုး တစ်ချိန်လုံး ဆက်လုပ်နေလို့မရဘူး"
ယုံကျားရှင်းသည် သူတို့နှစ်ဦး၏မင်္ဂလာပွဲတွင် လူကြီးမိဘနေရာ၌ သူမနေပေးနိုင်ကြောင်း ဖော်ပြခဲ့ပြီး ထိုသို့လုပ်ရန်လည်း မျှော်လင့်သည်။ သို့သော် ၎င်းက ကျန်းဟန်လိုချင်သည့်အရာမဟုတ်ချေ။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...