စာစဉ်(၃၄) အပိုင်း(၉)

226 11 0
                                    

[စာစဉ်(၃၄)အပိုင်း(၉)]အခန်း(၃၉၈-ခ)သိုင်းပညာမိသားစု(၂)

"အင်း တောရွာပတ်ဝန်းကျင်က ကိုယ်ငယ်ငယ်တုန်းကထက် အများကြီး ပိုကောင်းလာပါပြီ။ မဟုတ်ရင် မင်း အဲဒီမှာ အကြာကြီးနေနိုင်မှာ မဟုတ်ဘူး။ အရင်တုန်းက အိမ်သာဆိုတာ လေဝင်လေထွက်ကောင်းပြီး ဟင်းလင်းပြင်လိုမျိုးပဲ။ ညဘက်ကျမှ သွားရင် တော်တော်ဆိုးတယ်။ ကိုယ်ဆို တစ်ခါတုန်းက အိမ်သာကပြန်လာတော့ ဖင်မှာ ခြင်ကိုက်ဖုတွေချည်းပဲ။ အဲဒီတုန်းက ရေထားလိုက်သေးတယ်။ အိမ်သာတက်တဲ့ ၄ မိနစ်အတွင်း ခြင် ၁၇ ကောင်ကိုက်တာ ခံရတယ်"

"ရှင်တော်တော် ဆိုးတာပဲ။ ဘယ်အချိန်ကျမှ ဒီလိုဆိုးတာတွေ ရပ်သွားတာလဲ" ဇီယန်က မေးသည်။

"ကိုယ် အသက် ၁၆ နှစ်မတိုင်ခင်အထိ တော်တော်လေးဆိုးသွမ်းပြီး ပုန်ကန်တတ်ခဲ့တာ။ ကိုယ့်မိဘတွေကိုလည်း ခဏခဏ ပြဿနာတွေပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ကိစ္စလေးတစ်ခုက ကိုယ့်ကို အတော်လေးသက်ရောက်မှုရှိသွားစေခဲ့တယ်" ကျန်းဟန်က ပြန်ဖြေသည်။

"ဘာကိစ္စလဲ"

"ကိုယ် ၁၆ နှစ်ပြည့် မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ပျော်ပါးဖို့ အမေ့ကို ယွမ်တစ်သိန်းတောင်းခဲ့တယ်။ ဒါပေမယ့် အဖေက ကိုယ်တို့ကို အရေးကြီးမိတ်ဆွေတစ်ယောက်ဆီ အလည်ခေါ်သွားချင်ခဲ့တယ်။ ကိုယ်က မကျေမနပ်ဖြစ်ပြီး နေ့လည်စာပန်းကန်တွေကိုတောင် ကြမ်းပြင်ပေါ် ပစ်ပေါက်ခဲ့သေးတယ်။ ဒါပေမဲ့ အဖေက ကိုယ့်ကို ဘာမှမပြောဘဲ သူနဲ့လိုက်ခဲ့ဖို့ပဲ ပြောခဲ့တယ်။ ကိုယ်တို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အဘိုးကြီးတစ်ယောက်ဆီသွားလည်ပြီး အဖေက သူ့ကို ကိုယ်နဲ့ ညီမလေးရဲ့ သွေးခုန်နှုန်းကို စမ်းခိုင်းခဲ့တယ်။ ဒါပေမယ့် ကိုယ်က အဘိုးကြီးကို လူလိမ်လို့ လှောင်ပြောင်ခဲ့ပြီး‌တော့ အဖေ့ကို အရှက်ရစေခဲ့တယ်"

ကျန်းဟန်မှာ စကားပြောနေရင်းဖြင့် သူ၏မျက်လုံးထဲ၌ ထူးဆန်းသည့်အလင်းရောက်တစ်ခု ထွက်ပေါ်လာသည်။

"အဖေက ကိုယ့်တစ်ယောက်တည်းကို အိမ်ထဲကနေ ခေါ်လာပြီးတော့ ဘဲတွေရေကူးနေတဲ့ ရေကန်ဘေးမှာ ထိုင်ခိုင်းတယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now